DVB Logo
Home
မြန်မာသတင်း
စစ်မှန်သည့် ငြိမ်းချမ်းရေးရရေး တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ရန် သမ္မတတိုက်တွန်း
DVB
·
January 4, 2014
စစ်မှန်သည့် ငြိမ်းချမ်းရေးရရေး တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ရန် သမ္မတတိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ကြဖို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

20131007-1-1၆၆ နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နေပြည်တော်မှာ ကျင်းပတဲ့  နိုင်ငံတော် အလံ အလေးပြုပွဲ အခမ်းအနားကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ ခုလို တိုက်တွန်းလိုက်တာဖြစ်ပြီး ဒုသမ္မတ စိုင်းမောက်ခမ်းက ဖတ်ကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်က ခုချိန်ဟာ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ  ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့တဲ့  စစ်မှန်တဲ့  ထာဝရငြိမ်းချမ်းရေး ရရှိအောင် တိုင်းရင်းသားအားလုံးက နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေချိန် ဖြစ်ကြောင်းနဲ့  မကြာခင်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ကျင်းပဖို့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဘက်ဘက်မှ အခြေအနေကောင်းများ၊ အလားအလာကောင်းများ ရှိနေပြီ ဖြစ်ကြောင်းနဲ့  လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့တဲ့ စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရာမှာ တိုင်းရင်းသားအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ သမ္မတဦးသိန်းစိန်က တိုက်တွန်းထားပါတယ်။

ဒါ့ပြင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ ဆင်းရဲနွမ်းပါးမှု အများဆုံး ဖြစ်နေတဲ့  ကျေးလက်နေ ပြည်သူများရဲ့ လူမှုဘဝ တိုးတက်မြင့်မားအောင် ဆင်းရဲမှုလျော့ချရေးအတွက် ဦးစားပေး ဆောင်ရွက်နေသကဲ့သို့ တိုင်းပြည်ရဲ့ စီးပွားရေးကို ပိုမိုတိုးတက်အောင် ထူထောင်နိုင်ရေး အတွက် အရင်းနှီးနဲ့ နည်းပညာ များရရှိအောင် ပြည်တွင်းနဲ့ ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ဆောင်ရွက်နေတယ်လို့လည်း သမ္မတက ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံဟာ  ၁၉ ရာစု နှောင်းပိုင်းမှာ ဗြိတိသျှကိုလိုနီနယ်ချဲ့တို့ရဲ့ လက်အောက်သို့ နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ရပြီး တမျိုးသားလုံး ညီညွတ်မှုနဲ့   ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ  နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာပိုင်တဲ့ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ ပြန်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013