DVB Logo
Home
မြန်မာသတင်း
အာဆီယံကို မကျေနပ် သပိတ်မှောက်နေခြင်းမဟုတ်ဟု စစ်ကောင်စီထုတ်ပြန်
DVB
·
October 26, 2021
အာဆီယံကို မကျေနပ် သပိတ်မှောက်နေခြင်းမဟုတ်ဟု စစ်ကောင်စီထုတ်ပြန်
Donate to DVB

အာဆီယံထိပ်သီးအစည်းအဝေးကို မတက်နိုင်တာဟာ အာဆီယံအား မကျေနပ်မှုကို ပြသလိုတဲ့ သဘောဆန္ဒနဲ့ ပြုလုပ်ခဲ့တာမဟုတ်တဲ့အပြင်၊ အာဆီယံကို သပိတ်မှောက်နေတာလည်း မဟုတ်ကြောင်းနဲ့ အဖွဲ့ဝင်နိုင်ငံတနိုင်ငံရသင့်တဲ့ အခွင့်အရေးကိုတောင်းဆိုခြင်းသာဖြစ်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက အောက်တိုဘာ ၂၆ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

(၃၈) ကြိမ်မြောက်နဲ့  (၃၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွေနဲ့  ဆက်စပ် ထိပ်သီးအစည်းအဝေးတွေကို အောက်တိုဘာ ၂၆ ရက်ဒီကနေ့စတင်ပြီး   မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို မဖိတ်ဘဲ  ကျင်းပနေတာဖြစ်ပါတယ်။

အာဆီယံအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆုံးဖြတ်ချက်အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို တက်ရောက်ဖို့   အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ဒီဖိတ်ကြားချက်နဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီဘက်လက်မခံကြောင်းနဲ့ နိုင်ငံ့အကြီးအကဲအဆင့် သို့မဟုတ် ပြည်ထောင်စုဝန်ကြီးအဆင့် တက်ရောက်ခွင့်ရမှသာ အစည်းအဝေး တက်မယ်လို့ အကြောင်းပြန်ခဲ့ပေမဲ့ အာဆီယံကတော့ ယခင် ဆုံးဖြတ်ချက်အတိုင်း မပြောင်းလဲပဲ စစ်ခေါင်းဆောင်ကို  အစည်းအဝေးတက်ခွင့် မပြုခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီကတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဘုံသဘောတူညီချက်  (၅) ချက် အကောင်အထည်ဖော်ရာမှာ အာဆီယံနဲ့ အပြုသဘော ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီး အာဆီယံ ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ကို မလေးရှားနိုင်ငံအနေနဲ့ အပြည့်အဝထောက်ခံကြောင်း မလေးရှားဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကွတ်ဘ်က စတင်ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း  အခုထိပ်သီး အစည်းအဝေးပွဲမှာ မြန်မာအတွက် လမ်းဖွင့်ပေးခဲ့ပေမယ့် မြန်မာကိုယ်စားလှယ်မပါဝင်နိုင်တာ အာဆီယံအပြစ်မဟုတ်ဘူးကြောင်း၊ မြန်မာစစ်တပ်ဟာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013