DVB Logo
Home
Lead Story
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အဖွဲ့ချုပ်ရုံးတွင် ကျင်းပ
DVB
·
January 4, 2014
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အဖွဲ့ချုပ်ရုံးတွင် ကျင်းပ
Donate to DVB

ဒီနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

asskဒီနေ့အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ နာယကအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးသန်းထွန်းက လွတ်လပ်ရေးနေ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ပါတယ်။

ပါတီရုံးချုပ်မှာ လုပ်တဲ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယကအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့အပါအ၀င် အန်အယ်လ်ဒီ ပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013