DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် KTV ကပြန်လာသည့် ရဲ ၂ ဦး ပစ်သတ်ခံရ
DVB
·
October 26, 2021
မုံရွာမြို့တွင် KTV ကပြန်လာသည့် ရဲ ၂ ဦး ပစ်သတ်ခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်စွယ်တော်လမ်းမှာ အောက်တိုဘာ ၂၆ ရက် မနက် ၄ နာရီလောက်  KTV ကနေပြန်လာတဲ့ ဒုရဲအုပ်တယောက်နဲ့  ရဲတပ်သားတယောက်ကို  လမ်းမှာစောင့်ပြီး ပစ်ခတ်ခဲ့တယ်လို့   Sagaing Independence Army (SIA) က အတည်ပြုပါတယ်။

“KTV က ပြန်လာတဲ့ စစ်ကောင်စီလက်အောက်က ရဲတွေကို ကျနော်တို့ အဖွဲ့က လမ်းမှာ စောင့်ပြီး ပစ်ခဲ့တာပါ။ အရပ်ဝတ်နဲ့ နှစ်ယောက်ပေါ့။ အဲ့ဒီနေရာမှာပဲ သေဆုံးသွားတယ်။” လို့ SIA အဖွဲ့ဝင် တဦး က ပြောပါတယ်။

ပစ်ခံရတဲ့အတွက် ဒုရဲအုပ် ဝင်းကျော်မျိုးနဲ့ ရဲတပ်သား တယောက်တို့ နေရာမှာတွင် သေဆုံးခဲ့ပြီး လက်နက်နဲ့ ကျည်ဆန်တွေလည်း  SIA က သိမ်းဆည်းရမိခဲ့ပါတယ်။

သေဆုံးသွားတဲ့ ရဲ နှစ်ယောက်ရဲ့ ရုပ်အလောင်းကို မနက် ၆ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်သားတွေ လာရောက်သယ်ဆောင်သွားပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒါ့အပြင် မုံရွာမြို့၊ဘုရားနီလမ်းထိပ်မှာလည်း အောက်တိုဘာ ၂၅  ရက် ည ၁၁ နာရီလောက်က  ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပြီး  ဒေသခံ ၄ ယောက်ဖမ်းဆီးခံရသလို မုံရွာမြို့ နာရီစင်တောင်ဘက် လေသာလမ်းမှာလည်း လူငယ်တချို့ ဖမ်းဆီးခံရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013