DVB Logo
Home
မြန်မာသတင်း
ထိုင်းဘက် တရားမဝင်ဝင်လာသည့် မြန်မာ ၇၁ ဦး ထပ်မံဖမ်းဆီးခံရ၊ တရက်တည်း ဖမ်းဆီးခံရသူ ၂၆၀ ထိရှိ
DVB
·
October 26, 2021
ထိုင်းဘက် တရားမဝင်ဝင်လာသည့် မြန်မာ ၇၁ ဦး ထပ်မံဖမ်းဆီးခံရ၊ တရက်တည်း ဖမ်းဆီးခံရသူ ၂၆၀ ထိရှိ
Donate to DVB

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ နောက်ထပ်မြန်မာ ၇၁ ယောက် ဖမ်းဆီးခံခဲ့ရပြီး ဆွိုင်ယော့ခ်ခရိုင်ထဲ တရက်တည်းမှာတင် အယောက် ၂၆၀ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ခုထပ်မံ ဖမ်းဆီးခံရတဲ့ အုပ်စုကတော့ ၄ သုတ်မြောက်ဖြစ်ပြီး အမျိုးသား ၃၆ ယောက်နဲ့ အမျိုးသမီး ၃၅ ယောက်ပါဝင်ကာ ထိုင်း-မြန်မာနယ်စပ်တောလမ်းကနေ ဝင်ရောက်လာခဲ့တာလို့ ရဲတွေက ပြောပါတယ်။

သူတို့ကို ဒီကနေ့မနက်အစောပိုင်း ၅ နာရီလောက်က ရဲနဲ့ စစ်တပ်ပူးပေါင်းပါဝင်တဲ့ ကင်း လှည့်တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ထားဝယ်၊ ပဲခူးနဲ့ မော်လမြိုင်မြို့တွေကနေ ထိုင်းနိုင်ငံ ဘန်ကောက်၊ ဆမွတ်စခွန်၊ နခွန်ပထုံ၊ ဆာရာဘူရီ၊ ချွန်ဘူရီနဲ့ ကန်ချနာဘူရီဒေသတွေမှာ အလုပ်လုပ်ကိုင်နိုင်ဖို့ တယောက်ကို ပွဲစားခဘတ် ၁၇,၀၀၀ ကနေ ၂၀,၀၀၀ ကြားပေးပြီး ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၅ ရက် တရက်တည်းမှာတင် နောက်ထပ်ခိုးဝင်မြန်မာ ၁၄ ယောက်၊ ၃၄ ယောက်နဲ့ ၁၄၁ ယောက် အုပ်စု ၃ စုကိုလည်း ဆွိုင်ယော့ခ်ခရိုင်ထဲမှာ ဖမ်း ဆီးခံခဲ့ရတာမို့ စုစုပေါင်း ၂၆၀ ထိ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့အားလုံးကို ဖမ်းဆီးထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု၊ ကိုဗစ်-၁၉ ကာလအရေးပေါ်အခြေအနေ ဖောက်ဖျက်ကျူးလွန်မှုတွေနဲ့ ပြစ် ဒဏ်ချမှတ်အရေးယူမှာဖြစ်ပြီး နေရပ်ပြန်ပို့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလော ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် ဝင်ရောက်လာသူတွေ နေ့စဉ်လို ဖမ်း ဆီးရမိနေတာမို့ နယ်စပ်တလျှောက် လုံခြုံရေးတင်းကျပ် လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013