ဝေးလံဒေသများ သန်းခေါင်စာရင်းကောက်ယူမှု ရက်တိုးမြှင့်
DVB
·
January 4, 2014

မြန်မာနိုင်ငံအတွင်း ဝေးလံခေါင်သီတဲ့ နေရာဒေသတွေ သန်းခေါင်စာရင်း ကောက်ယူရာမှာ သတ်မှတ်ရက်ထက် ၅ ရက်တိုးမြှင့်မယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတ၀န်း သန်းခေါင်စာရင်းကောက်ယူမှုကို မတ်လ ၃၀ ရက်ကစပြီး ဧပြီ ၁၄ ရက်အထိ ကောက်ယူမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတ၀န်း သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၈၀၀၀၀ လောက်အထိရှိပြီး အကူအညီပေးမယ့် ဆရာ၊ ဆရာမ အင်အား လိုအပ်နေပြီး အချို့ကို သင်တန်းတွေ ပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ သတ်မှတ်ရက်အတိုင်း ကောက်ယူနိုင်မှာဖြစ်ပေမယ့် ဝေးလံဒေသတွေမှာတော့ အချိန်ပိုယူရမှာဖြစ်တဲ့အတွက် အခုလို တိုးမြှင့်လိုက်တာလို့ ဆိုပါတယ်။










