DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး လျှပ်စစ်ရထားနှင့် မြို့ပေါ်တွင် လျှပ်စစ်ကားများဖြစ်ရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ပြော
DVB
·
October 26, 2021
တနိုင်ငံလုံး လျှပ်စစ်ရထားနှင့်  မြို့ပေါ်တွင် လျှပ်စစ်ကားများဖြစ်ရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ပြော
Donate to DVB

မြန်မာတနိုင်ငံလုံးလျှပ်စစ်ရထားလမ်းနဲ့   လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့၊ မြို့ပေါ်တွေမှာသုံးတဲ့ကားတွေဟာလည်း လျှပ်စစ်ကားတွေဖြစ်ရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 

အောက်တိုဘာ  ၂၅ ရက်က နေပြည်တော်မှာ ကျင်းပတဲ့  စစ်ကောင်စီခန့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်က “Public Transportation ကိုကျနော်တို့ကအားပေးဖို့လိုတယ်။ အဲ့ဒီ Public Transportation မှာ လျှပ်စစ်ကိုရအောင်ပြောင်းနိုင်လို့ရှိရင် ဒီထက်ပိုအကျိုးရှိမယ်။ ဒါ့ကြောင့်ကျနော်က လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် တွန်းအားပေးနေ ခြင်းဖြစ်ပါတယ်။ တနိုင်ငံလုံးလျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တနိုင်ငံလုံး လျှပ်စစ်ရထားနဲ့ ပြေးရပါလိမ့်မယ်။ တနိုင်ငံလုံးမြို့ပတ်ရထားလမ်းဆို မြို့ပတ်လမ်း အတိုင်းသွားမယ်။ မြို့ပေါ်တွေမှာသုံးတဲ့ ကားတွေက လျှပ်စစ်ကားတွေဖြစ်ရမယ်။ ဒီမူဝါဒကိုတွက်နေပါတယ်။ အချိန်လေးတစ်ခု တွက်ချက်ပြီးလို့ရှိရင် ကျနော်တို့ ကြေညာပါ့မယ်။ ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့စနစ်ကို ဘယ်အဆင့်မှာပြောင်း ပြီးသားဖြစ်ရမယ်။ Private Use တွေပေါ့ဗျာ။ ကိုယ်ပိုင်ကားတွေ၊ ကားငယ်လေးတွ ဆိုလို့ရှိရင်။ လုပ်ငန်းခွင်သုံးတဲ့ ကားကြီးတွေကတော့ ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့လေ။ နည်းပညာအရ အခြားနိုင်ငံတွေမှာ ဖြစ်နေတဲ့အခြေအနေတွေ ကျနော်တို့ ကြည့်ရဦးမယ်။ အခုနကပြောတဲ့ လူစီးကားကတော့ဖြစ်တယ်။ ဘတ်စ်ကားတွေဖြစ်နိုင်တယ်။ ဒီဟာတွေဟာ ဘယ်နှစ်မှာ လျှပ်စစ်စနစ်ကိုပြောင်းရမယ်ဆိုပြီး ကျနော်တို့ လုပ်ရမယ်။ ဒါမှမလုပ်ရင်လည်း ကျနော်တို့ ကျန်ခဲ့လိမ့်မယ်။ ဆီဖိုးနဲ့မွဲလိမ့်မယ်။” 

မြန်မာနိုင်ငံမှာ ကမ်းလွန်နဲ့ ကုန်းတွင်းသဘာဝဓာတ်ငွေ့တွေထုတ်လုပ်နေပြီး ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချလျက်ရှိသကဲ့သို့ ပြည်တွင်းမှာလည်း  သဘာဝ ဓာတ်ငွေ့တွေအသုံးပြု  လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွေရှိကြောင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ လေအားလျှပ်စစ်ဓာတ်အားတွေ ထုတ်ယူလို့ရတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါအပြင် ဓာတ်မြေဩဇာစက်ရုံတွေ ဆောက်ဖို့နဲ့  ဘိလပ်မြေနဲ့ သံချောင်းတွေ လုံလောက်စွာထုတ်လုပ် ကြဖို့လည်း  စစ်ကောင်စီခန့် ဝန်ကြီးတွေကို တိုက်တွန်းပြောကြားခဲ့ ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ဒီကနေ့စတင်ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တော့ ဖိတ်ကြား မခံရတဲ့အတွက် တက်ရောက်နိုင်ခြင်း မရှိပါဘူး။

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013