DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး အန္တရာယ်ပြုခံရပြီး သေဆုံး
DVB
·
January 3, 2014
စစ်တွေတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး အန္တရာယ်ပြုခံရပြီး သေဆုံး
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့က တရုတ်သင်္ချိုင်း အုတ်ဂူတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့တဲ့ ဘင်္ဂါလီ ၆ ဦးကို တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြန်လည်အန္တရာယ်ပြုခံခဲ့ရတဲ့ အတွက် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Sittweဒီဇင်ဘာလကုန်က ဘင်္ဂါလီတွေက အုတ်ဂူတွေကို ဖျက်ဆီးနေတာကို တားမြစ်ဖို့အတွက် သွားရောက်ခဲ့သူ ၂ ဦးကို အကြမ်းဖက် တုံ့ပြန်ခဲ့တဲ့အတွက် အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့သူ ၆ ဦး အနက် ၂ ဦးကို ဖမ်းဆီးထားပြီး ၄ ဦးလွတ်မြောက်နေတယ်လို့ ရဲမှူးချုပ် ၀င်းခေါင်က ဒီဗွီဘီကို ပြောပါတယ်။

လွတ်မြောက်နေတဲ့သူတွေကို ဖမ်းဆီးဖို့ ကြိုးစားနေသလို ဖမ်းဆီးရမိတဲ့သူတွေကိုလည်း ဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ ယူနီဖောင်းအပြည့်အစုံနဲ့ တာဝန် ၀တ္တရားကို ထမ်းဆောင်ဖို့ သွားရောက်စဉ်မှာ အခုလို ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013