DVB Logo
Home
မြန်မာသတင်း
အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ညွှန်ချုပ် ဦးချမ်းအေးကို ဖိတ်ကြား၊ တက်ဖြစ်မတက်ဖြစ် မသေချာဟု စစ်ကောင်စီတုံ့ပြန်
DVB
·
October 25, 2021
အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ညွှန်ချုပ် ဦးချမ်းအေးကို ဖိတ်ကြား၊ တက်ဖြစ်မတက်ဖြစ် မသေချာဟု စစ်ကောင်စီတုံ့ပြန်
Donate to DVB

အောက်တိုဘာ ၂၆ ရက် မနက်ဖန်စတင်ကျင်းပမယ့်  အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို အာဆီယံက ဖိတ်ကြားထားတယ်လို့ အေပီသတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

၃၈ ကြိမ်မြောက်နဲ့ ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး အာဆီယံ အဖွဲ့ကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို မဖိတ်ဘဲ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ မြန်မာ ကိုယ်စားလှယ်တဦးကို ဖိတ်ကြားခဲ့တာပါ။ 

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အာဆီယံက  နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဖိတ်ကြားထားကြောင်း မြန်မာမီဒီယာတချို့ကို အတည်ပြုပြောထားပါတယ်။

ဒါပေမဲ့ မြန်မာအနေနဲ့ ထိပ်သီးအစည်းအဝေး တက်ဖြစ်မတက်ဖြစ် မသေချာသေးသလို အာဆီယံကို အကြောင်းလည်း မပြန်ရသေးဘူးလို့  စစ်ကောင်စီ ဒုဝန်ကြီးကပြောပါတယ်။ 

အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ ဖိတ်ကြားခံရတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပတဲ့ အာဆီယံ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး (ASEAN Senior Officials’ Meeting) ကိုလည်း တက်ရောက်ခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းပြီးခါစက တရုတ်အစိုးရကိုယ်စားလှယ်တွေနဲ့ ပြုလုပ်ခဲ့တဲ့ အရေးပေါ် အစည်းအဝေးသတင်း ပေါက်ကြားခဲ့လို့ဆိုပြီး  နိုင်ငံခြားရေးဝန်ကြီးဌာနက ဝါရင့်သံတမန်တဦးဖြစ်တဲ့  ဦးချမ်းအေး အပါအဝင် နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ 

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013