DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ချင်းပြည်သူများ တွေ့ဆုံရန် ပြင်ဆင်
DVB
·
January 3, 2014
ဒေါ်အောင်ဆန်းစုကြည်နှင့် ချင်းပြည်သူများ တွေ့ဆုံရန် ပြင်ဆင်
Donate to DVB

လာမယ့်အပတ်ထဲမှာ ချင်းပြည်နယ်ကို ရောက်ရှိလာမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ချင်းပြည်သူတွေ တွေ့ဆုံနိုင်ဖို့ နေရာအခမ်းအနားတွေ ပြင်ဆင်နေကြပါတယ်။

daw aung san suu kyi (photo - reuters)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ်မြို့တော် ဟားခါးကို ဇန်န၀ါရီလ ၉ ရက်နေ့ လာရောက်မှာဖြစ်ပြီး ၀မ်းသူမောင်း အားကစားကွင်းထဲမှာ မနက် ၈ နာရီကနေ ၁၀ နာရီထိ လူထုဟောပြောပွဲပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ဟားခါးခရိုင် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးဟုတ်ချွန်းက ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၁၃ ခုနှစ်က ချင်းပြည်နယ်ကို ရောက်ခဲ့ဖူးပြီး ဒါဟာ ဒုတိယအကြိမ်မြောက်ခရီးစဉ်လို့ ဦးဟုတ်ချွန်းက ပြောပါတယ်။

ဒီမတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ချင်းပြည်နယ်ခရီးစဉ်ကို ဖျက်သိမ်းမလို သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ခုတော့ နေကောင်းကျန်းမာလာပြီဖြစ်တဲ့အတွက် ဇန်န၀ါရီလ ၆ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်းဒေသကြီး နဲ့ ချင်းပြည်နယ်ကို ခရီးထွက်ခွာမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းကို ဟောပြောပြီး လူထု ဆန္ဒခံယူသွားမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ ဖလမ်းစတဲ့ မြို့နယ် ၃ ခုသာ သွားဖို့ရှိပေမယ့် အခြားမြို့နယ်ကလည်း ထပ်မံ ဖိတ်ကြားကမ်းလှမ်းထားတာတွေ ရှိနေတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013