DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၉ လအတွင်း စစ်သားနှင့်ရဲ အပါအဝင် ၁၃၃၇ ဦးသေ၊ ၁၃၆၇ ဦး ဒဏ်ရာရဟု စစ်ကောင်စီ ထုတ်ပြန်
DVB
·
October 25, 2021
အာဏာသိမ်း ၉ လအတွင်း စစ်သားနှင့်ရဲ အပါအဝင် ၁၃၃၇ ဦးသေ၊ ၁၃၆၇ ဦး ဒဏ်ရာရဟု စစ်ကောင်စီ ထုတ်ပြန်
Donate to DVB

နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင်သိမ်းယူပြီးနောက် ၉ လအတွင်း စစ်ကောင်စီဘက်က အရပ်သား  ၁၁၅၅ ဦး သေဆုံးပြီး စစ်သား၊ ရဲနဲ့ အစိုးရဝန်ထမ်း ၁၈၂ ဦးသေဆုံးသွားတယ်လို့  စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပါတယ်။  

နိုင်ငံတဝန်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့အထိ  အကြမ်းဖက်မှုလုပ်ရပ်တွေကြောင့် အရပ်သား ၁၁၅၅ ဦး သေဆုံးပြီး ၇၆၅ ဦး ဒဏ်ရာရရှိခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင် စစ်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦးနဲ့ အစိုးရဝန်ထမ်း ၁၄ ဦး၊ စုစုပေါင်း ၁၈၂ ဦးသေဆုံးကာ ၆၀၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၉၈၆ ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှု ၂၃၄၄ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၃၁၂ ကြိမ်၊ စုစုပေါင်း ၃၆၄၂ ကြိမ်ရှိတယ်လို့ ဆိုပါတယ်။  စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အဦ ၂၅၁ လုံး မီးရှို့/ ဗုံးခွဲ ခံခဲ့ရကာ ကားလမ်း၊ ရထားလမ်း ဖျက်ဆီးခဲ့မှု ၅၃၆ ကြိမ်ရှိခဲ့ပြီး တံတား ၇၆ စင်းအား ဖျက်ဆီးခဲ့သည်။

ဒါဟာ NUG၊ CRPH နှင့် PDF အဖွဲ့တွေရဲ့ လုပ်ရပ်ဖြစ်ပြီး အားပေး၊ ကူညီ၊ ပံ့ပိုးပေးနေတဲ့ တချို့နိုင်ငံတွေနဲ့  အဖွဲ့အစည်းတွေရဲ့ ကျင့်ဝတ်အပေါ် မေးခွန်း ထုတ်စရာဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အလားတူ ကြေညာချက် ထုတ်ပြန်ထားပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ ဒီစာရင်းတွေကိုတော့ သူ့ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြတာမရှိဘူးလို့ ဝေဖန်ထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ရဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့ကြတဲ့ စာရင်းကိုတော့ စစ်ကောင်စီက ထည့်သွင်းဖော်ပြခြင်းမရှိပါဘူး။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ကောက်ယူရရှိထားတဲ့စာရင်းမှာတော့ အောက်တိုဘာ ၂၃ ရက်အထိ   စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ကျဆုံးခဲ့ရသူ စုစုပေါင်း ၁၁၉၆  ဦး ရှိတယ်လို့ သိရပါတယ်။ 

အဆိုပါအရေအတွက်ဟာ AAPP က ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် မြေပြင်မှာ ကျဆုံးသွားတဲ့ ပြည်သူတွေအရေအတွက်ဟာ ဒီထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။    

စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူပြီး ပြည်သူလူထုကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်နေတဲ့အတွက် အခုအချိန်မှာ နိုင်ငံအနှံ့ပြည်သူတွေက စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့ တွန်းလှန်တိုက်ခိုက်နေကြရာမှာ စစ်ကောင်စီရဲ့ ထောက်တိုင် ဒလန်တွေ၊  သတင်းပေးတွေ၊ အုပ်ချုပ်ရေးမှူးတွေလည်း နေ့စဉ်လိုလိုသေဆုံးနေတာဖြစ်ပါတယ်။

ဒါ့အပြင် ကချင်၊ ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ်ထဲမှာလည်း တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်တွေ နေ့စဉ် အကျအဆုံးများနေတာဖြစ်ပြီး တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်သားတွေရဲ့ စာရင်းကိုတော့ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013