DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ်က အမေ့လျော့ခံ မြိုစစ်ဘေးရှာင်စခန်း (ဓာတ်ပုံ)
DVB
·
October 25, 2021
ပုဏ္ဏားကျွန်းမြို့နယ်က အမေ့လျော့ခံ မြိုစစ်ဘေးရှာင်စခန်း (ဓာတ်ပုံ)
1 / 10
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်မြတ်လေး မြိုစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေထိုင်နေကြတဲ့ ဒုက္ခသည်တွေရဲ့ နေအိမ်တချို့ပျက်စီးနေတာကြောင့် ပြန်လည်ပြုပြင်ဖို့ အကူအညီတွေ လိုအပ်နေပါတယ်။

''ကျနော်တို့ ဒီကိုရောက်နေတာက သုံးနှစ်ပြည့်တော့မှာပါ။ တချို့နေအိမ်တွေက တက်လို့မရအောင် ပျက်စီးနေပါပြီ။ ဒါကြောင့် ပြန်လည်ပြုပြင်ဖို့ အကူအညီတွေလိုအပ်နေပါတယ်''လို့ စစ်ဘေးရှောင်တစ်ဦးက MPA ကိုပြောပါတယ်။

အဆိုပါ အထက်မြတ်လေး မြိုစစ်ဘေးရှောင်စခန်းဟာ  ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျား ဒေသမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ မြန်မာစစ်တပ်တို့ကြား ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ကြောင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်က စတင်ခဲ့တဲ့ ဖွင့်လှစ်ခဲ့ရတဲ့ အစောဆုံး စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်ပါတယ်။

''ကျမတို့မိန်းကလေးတွေ ရေချိုးဖို့အတွက် နေရာသီးသန့်မရှိပါဘူး။ အဆင်ပြေသလိုပဲ ရေချိုးနေကြရတာပါ။ စိတ်ထဲမှာတော့ မလုံခြုံသလိုခံစားရပါတယ် ''လို့ စစ်ဘေးရှောင် မြိုအမျိုးသမီးတစ်ဦးက MPA ကိုပြောပါတယ်။

ဒီစခန်းမှာ ကျောက်တော်မြို့နယ်၊ ခမောင်း၊ သိန်းချောင်း၊ ကင်ပိ၊ မီးချောင်းခုပ် ကျေးရွာတွေ အပါအဝင် ကျေးရွာ ၉ ရွာနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီဖျား၊ အဝပြန်စတဲ့ ကျေးရွာတွေက မြို၊ ဒိုင်းနက်စတဲ့ လူနည်းစုတိုင်းရင်းသား၊ အိမ်ထောင်စု ၁၅၀ စု၊ လူဦးရေ ၇၂၈ ဦး စစ်ဘေးရှောင် နေထိုင်ကြပါတယ်။

အဆိုပါစစ်ဘေးရှောင်စခန်းမှာ အထက်မြတ်လေးကျေးရွာအနီးရှိ လယ်ယာမြေကို ငှားရမ်းဆောက်လုပ်နေကြတဲ့အတွက် မြေငှားခတွေ နှစ်စဥ်ပေးနေရသကဲ့သို့ လယ်ပိုင်ရှင်မှာ အိမ်ဆောက်လုပ်ဖို့တွက် စစ်ဘေးရှောင်နေအိမ်တချို့လည်း ဖြိုဖျက်ဆုတ်ပေးလိုက်ရတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ ၂၀၂၀ နိုဝင်ဘာလကစပြီး တိုက်ပွဲတွေ ရပ်တန့်နေတဲ့အတွက် နေရပ်ကို ပြန်သွားကြတဲ့ စစ်ဘေးရှောင်တချို့ရှိနေပြီး အများစုမှာ စစ်ဘေးရှောင်စခန်းအသီးသီးမှာ ယာယီခိုလှုံနေထိုင်နေကြဆဲဖြစ်ပါတယ်။

Photo By Kaung Mrat Naing / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013