DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ကန်ကျနပူရီတွင် တရားမဝင် ခြေလျင်လျှောက်ဝင်လာသည့် မြန်မာ ၁၂၀ ဖမ်းဆီးခံရ
DVB
·
October 25, 2021
ထိုင်းနိုင်ငံ ကန်ကျနပူရီတွင် တရားမဝင် ခြေလျင်လျှောက်ဝင်လာသည့် မြန်မာ ၁၂၀ ဖမ်းဆီးခံရ
1 / 2
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆိုင်းယုတ်မြို့နယ်ထဲမှာ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းက တရားမဝင် ခြေလျင်လျှောက် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂၀ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

ဆိုင်းယုတ်မြို့နယ်၊ ဆီရီမုန်းခုံးအုပ်စု နယ်မြေ ၄ ထဲမှာ တရားမဝင်သူတွေ ဝင်ရောက်လာကြောင်း သတင်းရတဲ့အတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးဌာနဝန်ထမ်းတွေပါတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးရေးတွေလုပ်ခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်အမှတ် ၁၃၆ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။ 

မနက် ၁၀ နာရီလောက်မှာတော့ တောထဲမှာ ခြေလျင်လျှောက်ပြီးဝင်လာတဲ့ လူတအုပ်ကို တွေ့ရှိပြီး စစ်ဆေးရာမှာ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေလို့ သိရကြောင်း၊  အမျိုးသား ၆၄ ယောက်၊ အမျိုးသမီး  ၅၅ ယောက်နဲ့ ကလေးတယောက်ပါဝင်ပြီး အားလုံး ၁၂၀ ယောက်ရှိတယ်လို့ ဆိုပါတယ်။ 

ဆက်လက်မေးမြန်းချက်အရ သူတို့တွေဟာ မြန်မာပြည် ထားဝယ်၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးတိုင်းတွေကဖြစ်ပြီး ထိုင်းနိုင်ငံ  ဘန်ကောက်၊ နခွန်းပထုန် နဲ့ စမွတ်စခွန် စတဲ့ဒေသအသီးသီးမှာ အလုပ်သွားလုပ်ဖို့ဖြစ်ကြောင်း၊ ပွဲစားခအနေနဲ့ တစ်ဦးလျှင် ဘတ် ၁၇၀၀၀ မှ ၂၀၀၀၀ ထိပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဌာနတာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းအရ အဖျားအရင်တိုင်းကြည့်ရာ အားလုံး အပူချိန်ပုံမှန်ဖြစ်ပြီး လဝကဥပဒေနဲ့ ဆက်လက်အရေးယူဖို့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့  နယ်ခြားစောင့်တာဝန်ရှိက ပြောပါတယ်။ 

ကိုးကား - ကန်ကျနပူရီဒေသတွင်းသတင်းဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013