DVB Logo
Home
မြန်မာသတင်း
ရန်ကုန် စိတ်ရောဂါဆေးရုံတွင် ဆေးဝန်ထမ်း မလုံလောက်
DVB
·
January 3, 2014
ရန်ကုန် စိတ်ရောဂါဆေးရုံတွင် ဆေးဝန်ထမ်း မလုံလောက်
Donate to DVB

ရန်ကုန်မြို့ စိတ်ကျန်းမာရေးဆေးရုံမှာ လူနာ ၁၂၀၀ လောက်ရှိပြီး ဆရာဝန်၊ ဆရာမအပါအ၀င် ဆေးရုံဝန်ထမ်း မလောက်ငမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

Mental Hospital 1 copyအဲဒီဆေးရုံးမှာ အထူးကု ဆရာဝန်ကြီး ၅ ယောက်၊ လက်ထောက်ဆရာဝန်နဲ့ ကထိက စုစုပေါင်း ၁၀ ယောက် လောက်သာရှိတဲ့အတွက် ဆရာဝန်အင်အားနဲ့ ၀န်ထမ်း အင်အားတိုးချဲ့ဖို့ သက်ဆိုင်ရာကို တင်ပြထားပေမယ့် ၀န်ထမ်းထပ်မံ မဖြည့်ပေးသေးဘူးလို့ ဒုဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလင်းက ပြောပါတယ်။

“ဆေးရုံမှာ ၀န်ထမ်း၊ ဆရာဝန်၊ ဆရာမ အင်အားတွေ အကုန်လုံလောက်မှုမရှိဘူး။ တယောက်ချင်း လူနာတွေကို ကျွေးမွေးတဲ့အချိန်၊ သန့်ရှင်းရေး လုပ်ပေးတဲ့အချိန်၊ လူနာတွေ အချင်းချင်း ရန်ဖြစ်တဲ့နေရာတွေမှာ ၀န်ထမ်းအင်အား မလုံလောက်တဲ့အတွက် တော်တော်ခက်ခဲပါတယ်။ မန္တလေးဆေးရုံကြီးကိုတော့ ကုတင် ၂၀၀ ဖွဲ့စည်းပုံချပေးလိုက်တယ်။ အခု ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံကြီးကိုတော့ ကုတင် ၃၀၀ ဖွဲ့စည်းပုံတင်ထားတာ တော်တော်က ကြန့်ကြာနေတယ်။”

လူနာ ၁၂၀၀၀ စာအတွက် နေ့စဉ်ကျွေးမွေးစရိတ် ၇ သိန်းကျော် ကုန်ကျနေတဲ့ ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီးမှာ အလှူရှင်တွေ အဆက်မပြတ်ရှိနေမယ့် လောက်ငမှု မရှိတဲ့အတွက် အခက်အခဲတွေ နေသလို ဆေးရုံဝန်ထမ်းအင်အားနည်းတဲ့အတွက် လူနာ ထိန်းသိမ်းကုသရာမှာလည်း အခက်ကြုံရတာလို့ သူနာပြုဆရာမတဦးက ပြောပါတယ်။

“အခက်အခဲဆုံးကတော့ သူတို့တွေ မနက် အိပ်ယာနိုး၊ သန့်ရှင်းရေးလုပ်ပေးတဲ့အချိန်ပေါ့။ ရေချိုးတာ၊ အ၀တ်လဲတာ၊ သွားတိုက်တာ။ သွားတိုက်တယ်ဆိုရင်လည်း ဆားတယောက် တပုံဆီ ထည့်ပေးလိုက်ရင် မျိုတဲ့လူက မျိုချလိုက်၊ တိုက်တဲ့သူက တိုက်ပေါ့။ ရေချိုးရင်လည်း သူတို့က အနီရောင်ဆို အနီရောင်ပဲဝတ်ချင်တယ်၊ တခြားအရောင်ဆို မကြိုက်ဘူး၊ မ၀တ်ဘူး၊ ရှောင်ထွက်သွားတယ်။ လုစားတဲ့အုပ်စုကလည်း ၄၀ လောက်ရှိတယ်၊ သူတို့က ကြက်ရိုးပါ မျိုချတာ၊ သူတို့အတွက်ဆိုရင် အရိုးပါနွှင်ပေးရတယ်။”

လက်ရှိ ရန်ကုန်စိတ်ကျန်းမာရေးဆးရုံမှာ အမျိုးသားဆောင် ၆ ဆောင် နဲ့ အမျိုးသမီးဆောင် ၂ ဆောင်မှာ လူနာ ၁၂၀၀ လောက်ကို ကုသပေးနေရပြီး ပိုင်ရှင်မဲ့လူနာ ၄၀၀ လောက် ရှိနေပါတယ်။ တချို့က မိသားစုရှိပေမယ့် အိမ်မှာထားလို့မရတဲ့အတွက် စိတ်ကျန်းမာရေးဆေးရုံမှာ လာရောက်အပ်နှံထားသူများတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013