DVB Logo
Home
Lead Story
လွတ်လပ်ရေးနေ့ အခမ်းအနားများ နိုင်ငံတ၀န်း ကျင်းပမည်
DVB
·
January 3, 2014
လွတ်လပ်ရေးနေ့ အခမ်းအနားများ နိုင်ငံတ၀န်း ကျင်းပမည်
Donate to DVB

မနက်ဖြန် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေးနေ့သ၀ဏ်လွှာကို ဖတ်ကြားပြီး နှစ်စဉ်ကျင်းပလေ့ရှိတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပမှာဖြစ်ပါတယ်။

Monument Stone၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း လွတ်လပ်ရေးကြေညာစာတမ်းတစ်စောင် ထုတ်ပြန်သွားဖို့ရှိပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ထူးထူးခြားခြားအခမ်းအနားတွေ လုပ်ဖို့မရှိဘဲ မြို့နယ်အလိုက် အားကစားပွဲတွေလောက်ပဲ မြို့နယ်အဆင့် ပါတီရုံးတွေက ဦးစီပြီး လုပ်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်း တွဲဖက်အတွင်းရေးမှူး ဦးသာဝင်းက ပြောပါတယ်။

လွတ်လပ်ရေးနေ့ အထိန်းအမှတ်အဖြစ် မြန်မာတနိုင်ငံလုံး နေရာဒေသအနှံ့၊ ရပ်ကွက်တိုင်းလိုလို အားကစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ အထိမ်းအမှတ်အခမ်းအနားတွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013