DVB Logo
Home
မြန်မာသတင်း
နွေဦးပန်းပွင့်လေးများအတွက် “၅ ဒေါ်လာကမ်ပိန်း” ပြုလုပ်
DVB
·
October 24, 2021
နွေဦးပန်းပွင့်လေးများအတွက် “၅ ဒေါ်လာကမ်ပိန်း” ပြုလုပ်
1 / 3
Donate to DVB

နွေဦးပန်းပွင့်လေးများအတွက် “၅ ဒေါ်လာကမ်ပိန်း” လို့ အမည်ပေးထားတဲ့ တစ်လ ၅ ဒေါ်လာလှူရုံနဲ့ အမျိုးသမီးပေါင်းများစွာကို အသက်ကယ်လို့ရမယ့် အစီအစဉ်တစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနှင့် Victoria Myanmar Youth အဖွဲ့တို့ ပူးပေါင်းပြုလုပ်နေပါတယ်။ 

အမျိုးသမီးတွေဟာ နေအိမ်ကို စွန့်ခွာထွက်ပြေးနေရချိန်တွေမှာ သန့်ရှင်းရေးနဲ့ တကိုယ်ရေသုံးပစ္စည်း မလုံလောက်တာတွေကြောင့် မသန့်ရှင်းမှုတွေကဆင့် ကျန်းမာရေးထိခိုက်ကာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နေကြတာပါ။ 

ဒီလှုပ်ရှားမှုဟာ မြန်မာနိုင်ငံတဝှမ်းက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ၊ စစ်ရှောင်စခန်းတွေမှာ ရောက်ရှိနေကြတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ နဲ့ အမျိုးသမီးတွေရဲ့ လစဉ် ရာသီသွေးလာချိန်တွေမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ပံ့ပိုးပေးနိုင်ဖို့၊ လိင်ပိုင်းဆိုင်ရာ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီး အသိပညာပေးနိုင်ဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ 

အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ မြန်မာပြည်အနှံ့က အမျိုးသမီးတွေဆီကို လစဉ်သုံးပစ္စည်းတွေ ပေးပို့သွားမယ်လို့ သိရပြီး ဆက်သွယ်လှူဒါန်းချင်ရင်တော့ 5$ for Spring Flowers Facebook Page ကနေတဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နွေဦးပန်းပွင့်လေးများအတွက် “၅ ဒေါ်လာကမ်ပိန်း” ပြုလုပ်