DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ် ပစ်သတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၂၀၀ နီးပါး ရှိလာ
DVB
·
October 24, 2021
အကြမ်းဖက်စစ်တပ် ပစ်သတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၂၀၀ နီးပါး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လနီးပါးအကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၉၆ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင် ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၁၇၅ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၁၆ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၀၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၅ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကံကြီးကျေး ရွာမှ သားအဖ နှစ်ယောက်ဖြစ်တဲ့ ဦးတင်ထွန်းနဲ့ ကိုကောင်းသီဟတို့ကို ချပ်သင်းရဲစခန်းမှ ရဲ ၅ ယောက်က အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ပြီး ထွက်ပြေးတိမ်းရှောင်ဖို့ ဆိုင်ကယ် အကူအညီတောင်းခံလာတာကြောင့် ချပ်သင်းရဲစခန်းကိုသွားနေချိန် လမ်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ သားအဖနှစ်ယောက်ကို လိမ်လည် အကူအညီတောင်းခံတာ ဖြစ်ပြီး နောက်တနေ့အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ ကိုဝေဖြိုးသူ(ခ)ဝေကြီးဟာ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခြင်းခံရတာ ကြောင့် အောက်တိုဘာ ၂၁ ရက်နေ့က ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။ အောက်တို ဘာ ၁၉ ရက်နေ့ မနက်ပိုင်းက တောင်ငူမြို့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ လူငယ် ၂ ယောက်ဖြစ်တဲ့ ကိုဝေဖြိုးသူ(ခ)ဝေကြီးနဲ့ ကိုရစ်ချက်စိုးတို့ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၂ ရက်မနက်ပိုင်းမှာတော့ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာက လက်ဘက်ရည်ဆိုင်ထဲကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ ပျူ စောထီးတွေဝင်ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ဦးနေနေဟာ နေရာတင် ကျဆုံးသွားခဲ့ပြီး ဦးအုန်းနီမှာ ဆေးရုံမှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ဒေသခံ ၃ ယောက်လည်း ကျည်ထိဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ် အသိပေး၊ အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013