DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၅၉ (ဃ) နှင့် ပုဒ်မ ၅၉ (စ) ဖျက်သိမ်းရေး ဆန္ဒပြ
DVB
·
January 3, 2014
ပုဒ်မ ၅၉ (ဃ) နှင့် ပုဒ်မ ၅၉ (စ) ဖျက်သိမ်းရေး ဆန္ဒပြ
1 / 9
Donate to DVB

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြည်သူရွေးချယ်တင်မြှောက်သော ခေါင်းဆောင်အစိုးရ ပေါ်ပေါက်ရေး၊ ပုဒ်မ ၅၉ (ဃ) နှင့် ပုဒ်မ ၅၉ (စ) အလိုမရှိ အစရှိတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပွဲတခုကို ဒီနေ့မနက် ၁၀ နာရီက ပြုလုပ်ခဲ့ပါတယ်။

၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) နဲ့ ၅၉ (ဃ) ဟာ ပြည်သူလိုလားတဲ့ အရပ်သားအစိုးရ မပေါ်ပေါက်စေရေးအတွက် ဟန့်တားထားတဲ့ ဥပဒဖြစ်တဲ့အတွက် ဒီပုဒ်မတွေ ဖျက်သိမ်းပေးဖို့ အခုလို ဆန္ဒပြနေကြတာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၅၉ (ဃ) မှာ သမ္မတအဖြစ် ရွေးချယ်ခံမယ့်သူအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ စစ်ရေးအမြင် ရှိရမယ်လို့ ဖော်ပြထားပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၅၉(စ) မှာ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိရဲ့ မိဘတပါးပါးသော်လည်းကောင်း၊ မိမိရဲ့ ဇနီး၊ သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိရဲ့ တရားဝင် သားသမီးတဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတဦးဦးရဲ့ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါးရဲ့ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါးရဲ့ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနဲ့ ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားပါတယ်။

[gallery ids="49581,49582,49583,49584,49585,49586,49587,49588,49589"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013