DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် ၄ နေရာ ဗုံးပေါက်ကွဲ
DVB
·
October 23, 2021
မုံရွာမြို့တွင်  ၄ နေရာ ဗုံးပေါက်ကွဲ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အောက်တိုဘာ ၂၂ ရက် ညပိုင်းက စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးရဲ့ရုံးအပါအဝင် နေရာ  ၄  နေရာမှာ  ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူတချို့ ထိခိုက်ဒဏ်ရာရသွားပါတယ်။

ဗုံးပေါက်ကွဲတဲ့ နေရာတွေကတော့ Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ မုံရွာရုံး၊ သာစည်မီးပွိုင့်နဲ့ ဘူတာကြားမှာရှိ စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့နေရာ၊ မုံရွာမြို့ တရုတ်သင်္ချိုင်းနားနဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့ မြို့တော်ခန်းမနားတို့ ဖြစ်ပါတယ်။

အဲ့ဒီပေါက်ကွဲမှုတွေဟာ PDF-South Monywa က ပြုလုပ်တာဖြစ်ပြီး  Mytel ရုံးအတွင်း လက်ပစ်ဗုံး ပစ်ထည့်တာကြောင့် နိုင်ငံခြားသား နှစ်ယောက်နဲ့ ရုံးစောင့်သုံးယောက် ဗုံးထိမှန်တာရှိ တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်သင်္ချိုင်းအနီး ပေါက်ကွဲမှုဟာ စစ်ကောင်စီကားတစ်စီး မိုင်ခွဲခဲ့တာ ဖြစ်ပြီး မြို့တော်ခန်းမအနီးက ဗုံးပေါက်ကွဲမှုကြောင့်လည်း စစ်ကောင်စီတပ်သားတစ်ယောက်ထိမှန်တာရှိ တယ်လို့ PDF-South Monywa က ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့က ညပိုင်းစစ်ဆေးရေး ၄ ခုမှာ စစ်ကောင်စီတပ်သား အသေအပျောက်ကို အတိအကျ မသိရသေးပါဘူး။ 

PDF-South Monywa အဖွဲ့သားတချို့ ယမ်းစထိမှန်တာ ရှိတွေရှိပေမဲ့ ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013