
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ သောင်ရင်းရွာ ဒလန်လို့ နာမည်ကျော်ကြားတဲ့ ဦးသောင်းထွန်းကို ရှင်းလင်းလိုက်တယ်လို့ လက်ရဲဇက်ရဲ “ငရဲ” ဆိုတဲ့ ဒလန်ရှင်းလင်းရေးအဖွဲ့က ပြောပါတယ်။
“အဲဒီလူကို သတိပေးထားတာ အကြိမ်ကြိမ်ရှိနေပြီ။ ခုဟာက ဒီကောင်ပြောစကား နားမထောင်ဘူး။ စစ်ကောင်စီတပ်ဆီကနေ သေနတ်ယူတယ်။ နောက်ပြီး ပျူစောထီးအဖွဲ့ ဖွဲ့တယ်။ တပည့်တောင်၅ ယောက်တောင်ရှိနေပြီ။ အခြေနေဆိုးဆိုးလာလို့ အခုလိုမလုပ်ချင်ဘဲ လုပ်လိုက်ရတာ။ စစ်ကောင်စီ သတင်းပေး ဒလန်မှန်သမျှ အမြင်မှန်ရပြီး ငြိမ်ငြိမ်နေပါ။ ငြိမ်ငြိမ်မနေရင် လိုက်လံရှာဖွေ ရှင်းလင်းသွားမယ်”လို့ လက်ရဲဇက်ရဲ ငရဲ ဦးဆောင်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ပုလဲမြို့နယ်ဟာ စစ်အာဏာသိမ်းပြီး လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားတဲ့ အချိန်ကစလို့ စစ်ကောင်စီနဲ့ အရှည်ကြာဆုံးတိုက်ပွဲ ဖြစ်ပွားရာ မြို့တစ်လည်းဖြစ်ပါတယ်။
သောင်းရင်းရွာဟာ စစ်ရင်ကျေးရွာအုပ်စုအတွင်းမှာပါဝင်ပြီး အိမ်ခြေ ၁၀၉ အိမ်ရှိကာ လူဦးရေ ၂၉၁ ဦး ရှိတဲ့ ရွာတစ်ရွာလည်းဖြစ်ပါတယ်။