DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန် စစ်ကောင်စီ မျှော်လင့်
DVB
·
October 22, 2021
မြန်မာ့စီးပွားရေး ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန် စစ်ကောင်စီ မျှော်လင့်
Donate to DVB

မြန်မာနိုင်ငံရဲ့ စီးပွားရေးက ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရပေမဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို ၃ ဒသမ ၈ရာခိုင်နှုန်း ရရှိဖို့မျှော်လင့်ထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်က Virtual စနစ်နဲ့ ပြုလုပ်တဲ့ အာဆီယံ+၃ နိုင်ငံတွေရဲ့ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲတွေ အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာဖြစ်တယ်လို့စစ်ကောင်စီ  ပြန်ကြားရေးက သတင်းထုတ်ပါတယ်။ 

တခြားနိုင်ငံတွေလို မြန်မာနိုင်ငံရဲ့ စီးပွားရေးလည်း ကိုဗစ်-၁၉ကြောင့် ထိခိုက်ခဲ့ရကြောင်း၊ ကမ္ဘာ့ဘဏ်၊ IMF,ADB နဲ့AMRO  တို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း အလားအလာ အစီရင်ခံစာတွေမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို သိသိသာသာကျဆင်းခဲ့တယ်လို့ ဖော်ပြထားပေမဲ့ သူ့အနေနဲ့ အဆိုပါ ၃ဒသမ ၈ရာခိုင်နှုန်းအထိ စီးပွားရေးတိုးတက်ဖို့ မျှော်လင့်ထားတယ်လို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် မြန်မာအနေနဲ့ Myanmar Economic Recovery Plan-MERP ကိုချမှတ် ဆောင်ရွက်ဖို့ပြင်ဆင်နေကြောင်းယင်းအစည်းအဝေးမှာပြောဆိုခဲ့ပြီး ဒီအစီအစဉ်တွေထဲမှာ ဝင်ငွေနည်းပြည်သူတွေအတွက် ထောက်ပံ့မှုတွေ၊ ကျန်းမာရေးစနစ်တိုးချဲ့လုပ်ဆောင်တာတွေ၊ ကပ်ရောဂါကြောင့် ထိခိုက်မှု အများဆုံးခံရတဲ့ စီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေထုတ်ချေးပေးမဲ့ အစီအစဉ်တွေ ပါဝင်တဲ့အကြောင်းလည်း ဝန်ကြီး ဦးမောင်မောင်းဝင်းက ပြောဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံဟာ အရေးပေါ်ကာလကို ဖြတ်သန်းနေရကြောင်း၊စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်တွေနဲ့ ပိုမိုတိုးတက်အောင်ဆောင်ရွက်ပြီး အခြားကဏ္ဍတွေကိုပါ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်  လုပ်မှာဖြစ်ကြောင်း ကိုလည်းဆိုပါတယ်။

အရင်အရပ်သား အစိုးရလက်ထက်မှာ COVID-19 Economic Relief Plan (CERP)ကို ရေးဆွဲ အကောင်အထည်ဖော်ခဲ့ပြီး Myanmar Economic Recovery  & Reform Plan-MERRP ကိုလည်း ရေးဆွဲခဲ့ပါတယ်။ အခုအခါ စစ်ကောင်စီက အလားတူ Myanmar Economic Recovery Plan-MERP ကို ရေးဆွဲ ဆောင်ရွက်ဖို့လုပ်နေတာပါ။ 

ကမ္ဘာ့ဘဏ်ကတော့  စစ်အာဏာသိမ်းမှုကြောင့် ကြုံလာရတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်နဲ့ ကိုဗစ်ကပ်ရောဂါသက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013