DVB Logo
Home
မြန်မာသတင်း
ကျဆုံး နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြု
DVB
·
January 2, 2014
ကျဆုံး နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြု
Donate to DVB

စစ်အစိုးရလက်ထက် အကျဉ်းထောင်တွေအတွင်း ကျဆုံးသွားခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်း သားတွေအတွက် ပထမဆုံးအကြိမ် ဂုဏ်ပြုပွဲ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

[caption id="attachment_49560" align="alignleft" width="300"]ဓာတ်ပုံ - AAPPB ဓာတ်ပုံ - AAPPB[/caption]၁၉၈၈ ခုနှစ်နောက်ပိုင်း အကျဉ်းထောင်နဲ့ စစ်ကြောရေးမှာ သေဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၁၆၆ ဦးရှိပြီး ပထမအကြိမ်အဖြစ် ၅၄ ဦးရဲ့ မိသားစုဝင်တွေကို ရွေးချယ်ပြီး ဂုဏ်ပြု ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း-မြန်မာနိုင်ငံ (အေအေပီပီ-ဘီ) တွဲဖက်အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

ကျန်ရစ်တဲ့ မိသားစုတစုကို ကျပ် ၁၀ သိန်း ထောက်ပံ့ပေးအပ်ခဲ့သလို ပေးအပ်ရတဲ့ အကြောင်းအရင်းကို သူက အခုလို ပြောပါတယ်။

“ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကျနော်တို့ မမေ့ပါဘူး။ သူတို့ရဲ့ ရည်မှန်းချက်တွေကို ဒီမှာရှိနေတဲ့ လူတွေက ပန်းတိုင်ရောက်တဲ့အထိ ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်။ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးအရ နစ်နာဆုံးရှုံးခဲ့တဲ့ အနေအထားတွေကို ဒီပွဲလေးက တတ်နိုင်သလောက် ဖြေဖျောက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မိသားစုတစုကို ၁၀ သိန်းလောက် ထောက်ပံ့လိုက်ရင် တစုံတရာ အထောက်အကူဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်။”

ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေးအဘက်ဘက်မှာ ယိုယွင်း နောက်ကျနေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်တယ်လို့ ယူဆတဲ့အတွက် ဂုဏ်ပြုပွဲကို လုပ်ရတာလို့ သူက ပြောပါတယ်။

နောင်လည်း ဂုဏ်ပြုပွဲတွေ ဆက်လက် ပြုလုပ်ပြီး ဒီအကြိမ်မှာ မထောက်ပံ့နိုင်ဘဲ ကျန်နေတဲ့ မိသားစုဝင်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ဦးတင်ဦး၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်နဲ့ နိုင်ငံခြားသံတမန်တွေအပါအ၀င် လွှတ်တော်အမတ်များလည်း တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013