DVB Logo
Home
မြန်မာသတင်း
ရန်ကုန် လျှပ်စစ်မီတာရုံးများတွင် ဗုံးပေါက်ကွဲ၊ မီတာခပေးရန် စစ်ကောင်စီက အဓမ္မကောက်ခံနေ
DVB
·
October 22, 2021
ရန်ကုန် လျှပ်စစ်မီတာရုံးများတွင် ဗုံးပေါက်ကွဲ၊ မီတာခပေးရန် စစ်ကောင်စီက အဓမ္မကောက်ခံနေ
Donate to DVB

ရန်ကုန်မြို့က မြို့နယ်အနှံ့ EPC လျှပ်စစ်မီတာရုံးတွေမှာ  ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ် ပေါ်နေချိန်မှာပဲ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)ကလည်း အများပြည် သူကို မီတာခတွေ ပေးဆောင်ကြဖို့ အဆက်မပြတ် တောင်းခံနေပါတယ်။

လှိုင်မြို့နယ် အင်းစိန်လမ်းမနဲ့ ကန်လမ်းထောင့် အနီးရှိ လျှပ်စစ်ရုံးအနီးနဲ့ ကြည့်မြင့်တိုင်၊ သာဓုအရှေ့ရပ်ကွက် မြို့နယ် EPC ရုံးတို့မှာ ဒီနေ့မနက်  ဗုံးပေါက်ကွဲခဲ့သလို သင်္ကန်းကျွန်း၊ ရန်ကင်းနဲ့ ဒဂုံမြို့သစ်တွေမှာရှိတဲ့ လျှပ်စစ်မီတာရုံးတွေ အနားမှာလည်း ဗုံးပေါက်ကွဲမှု တွေဖြစ်ပွားခဲ့တာပါ။ 

မီတာရုံးဝန်ထမ်းတွေအနေနဲ့ အသက်အပိုပါ ပါက ဆက်လက်ပြီး  အများပြည်သူတွေကို ဖိအားပေး မီတာခကောက်ခံနိုင်ကြောင်း Ghost Rangers တပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။

အင်းစိန်မြို့နယ်အတွင်းမှာ မတရားအနိုင်ကျင့်ပြီး မီတာဘေလ်ကောက်ခံတာ၊ လျှပ်စစ်မီးဖြတ်တောက်တာ ပြုလုပ်နေတဲ့ အင်းစိန် EPC ကို Ghost Ranger အဖွဲ့က အောက်တိုဘာ ၂၁ရက်နေ့မှာ သတိပေးလိုက်တာပါ။

အင်းစိန် EPC ဝန်ထမ်းတွေ မီတာဘေလ်ကောက်ခံတဲ့ မှတ်တမ်းဓာတ်ပုံတွေကို  Ghost Ranger အဖွဲ့က  ရယူထားပြီး အသက်အပိုပါရင် အလုပ်တွေဆက်လုပ်နိုင်တယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ကတော့ ရန်ကုန်မှာ လက်နက်ကိုင်တပ်တွေ အသုံးပြုပြီး အဓမ္မမီတာခလိုက်ကောက်နေသလို မီတာခမပေးတဲ့ အိမ်တွေကိုလည်း လျှပ်စစ်မီးဖြတ်တာတွေ ပြုလုပ်နေပါတယ်။   

အန်အယ်လ်ဒီအစိုးရလက်ထက်ကတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် မီတာခတွေ လျှော့ပေးခဲ့ပြီး လက်ရှိ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)ကလည်း အိမ်သုံးလျှပ်စစ်မီတာခတွေကို ခြွင်းချက်မရှိ အခမဲ့ ကင်းလွတ်ခွင့်ပြုကြောင်းနဲ့ ပြည်သူတွေ လျှပ်စစ်မီတာခ ပေးဆောင်ရန်မလိုဘဲ ကောက်ခံရင် နိုင်ငံတော်ပုန်ကန်မှုမြောက်ကြောင်းနဲ့ အမည်ပျက်စာရင်းသွင်းသွားမှာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ပြည်လူလူထုတွေထံကနေ လျှပ်စစ်ဓာတ်အားခတွေ သတ်မှတ်နှုန်းထားနဲ့ သတ်မှတ်ချိန်အလိုက် ကောက်ခံရရှိရေး ဆောင်ရွက်ကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ပြည်သူတွေကတော့ ဒီအခွန်အခတွေဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုအတွက်မဟုတ်ဘဲ လူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အုပ်စုရဲ့ အသုံးစရိတ်ဖြစ်မှာမို့ လျှပ် စစ်မီတာခ မပေးသွင်းကြရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။

Photo- Credit

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013