DVB Logo
Home
မြန်မာသတင်း
စမွတ်ပရကန်ဖိနပ်စက်ရုံမီးလောင်မှု ဘတ်သန်း ၁၀၀ ကျော်ဆုံးရှုံး၊ လူ ၂၀၀ ကျော် အလုပ်ပြုတ်
DVB
·
October 22, 2021
စမွတ်ပရကန်ဖိနပ်စက်ရုံမီးလောင်မှု ဘတ်သန်း ၁၀၀ ကျော်ဆုံးရှုံး၊ လူ ၂၀၀ ကျော် အလုပ်ပြုတ်
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရကန်ခရိုင် ဘန်ဖရီမြို့ရှိ ဝပ်ထနားဖုဒ်ဝဲလ်ကုမ္ပဏီပိုင် ဖိနပ်စက်ရုံမှာ  ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ညက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ 

မီးလောင်ပြီးတဲ့ နောက်တနေ့မနက်  အလုပ်သမားတွေက စက်ရုံကို ရောက်လာချိန်မှာ စက်ရုံကိုယ်စားလှယ်က အခုချိန်ကစ စက်ရုံပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ အလုပ်သမားတွေရဲ့ နောက်ဆုံးလစာကိုတော့ ထုတ်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ 

စက်ရုံက အခုလို ရုတ်တရက်ပိတ်လိုက်ကြောင်း ပြောလိုက်တဲ့အခါ်မှာ အလုပ်သမားတွေဟာ တယောက်နဲ့တယောက်ဖက်ပြီး ဝမ်းနည်းပက်လက်ငိုကြွေးခဲ့ကြပါတယ်။ အဆိုပါစက်ရုံမှာ အလုပ်သမားပေါင်း ၂၀၀ ကျော်ရှိပြီး အဲဒီမှာ အနည်းဆုံး ၁၀ နှစ်မှ အများဆုံး ၃၀ နှစ်ထိ အလုပ်လုပ်လာတဲ့  လုပ်သက်ရင့်အလုပ်သမားတွေလည်း ပါတယ်လို့ ဆိုပါတယ်။ 

သူတို့ကို အလုပ်အကိုင်သစ်ရှာဖွေဖို့ ကြိုတင်ပြင်ဆင်ချိန်လည်းမပေး၊ ဥပဒေအတိုင်း ရသင့်တဲ့ လျော်ကြေးလည်း မပေးတာကြောင့် အလုပ်သမားတွေဟာ ခရိုင်အလုပ်သမား ရှာဖွေရေးရုံးမှာ သွားရောက်တိုင်ကြားခဲ့ကြပါတယ်။ 

အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ စက်ရုံရဲ့ CEO အမှုဆောင်လည်းဖြစ် ပိုင်ရှင်လည်း ဖြစ်တဲ့ နိုင်းကစ်သီ ကျုံးဆကစ်ဝပ်ထနားက သူတို့အနေနဲ့ ကောလာဟတွေတွေ ပြန့်နေသလို အလုပ်သမားတွေကို ထားရစ်ပြီး တိမ်းရှောင်သွားဖို့ စိတ်မကူးကြောင်း အလုပ်သမား ကာကွယ်ရေးရုံးက တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။ 

စက်ရုံမီးလောင်မှုမှာ ဘတ်သန်းပေါင်း ၁၀၀ ကျော်ဆုံးရှုံးခဲ့ရကြောင်း၊ စက်ရုံ ထူထောင် လာတာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီး အလုပ်သမားတွေကိုလည်း ကောင်းစွာဝန်ဆောင်မှု ပေးခဲ့ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုက်ရောက်လာလို့ ရောင်းအားမှာ တစ်လကို ဘတ်သန်းပေါင်း ၄၀ လောက်ကျဆင်းသွားပေမယ့် အလုပ်သမားတွေမှာ အလုပ်လုပ်နေရဆဲဖြစ်ကြောင်း၊ အခုလို စက်ရုံမီးလောင်သွားပေမယ့်  မီးအာမခံကြေးက ရလာမယ့်ငွေတွေနဲ့ စက်ရုံပြန်လည်ထူထောင်သွား မယ်လို့ ပြောသွားပါတယ်။ 

စမွတ်ပရကန်ခရိုင်ရှိ စက်ရုံအလုပ်ရုံတွေမှာ မြန်မာအလုပ်သမားတွေ သောင်းနဲ့ချီ‌ ဝင်ရောက်လုပ်ကိုင်နေပါတယ်။ ကိုးကား - https://www.thairath.co.th/news/local/2223601

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013