DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီ ထားဝယ်ခရိုင်ရုံး ဗုံးခွဲဖျက်ဆီးခံရ
DVB
·
October 21, 2021
အန်အယ်လ်ဒီပါတီ ထားဝယ်ခရိုင်ရုံး ဗုံးခွဲဖျက်ဆီးခံရ
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကရပ်ပြင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ  (ထားဝယ်ခရိုင်) ရုံးကို အောက်တိုဘာ ၂၁ ရက် မနက်အစောပိုင်းက  ဗုံးဖောက်ခွဲခံရလို့   အဆောက်အဦ ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

''မနက် ၂ နာရီ ၂၂မိနစ်မှာ ပေါက်ကွဲအသံအကျယ်ကြီး ကြားရလို့  အိပ်ရာကလန့်နိုးလာရာ၊ အဲ့မှာ  စစ်သား ၆ ယောက်က သေနတ်ကိုင်ပြီး အန်အယ်လ်ဒီရုံးရှေ့ သွားလိုက်ပြန်လိုက် လမ်းလျှောက်နေတာမြင်ရတယ်” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လူတွေထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ အဆောက်အုံတခုလုံး ပြိုကျပျက်စီးတဲ့အပြင် အနီးအနားရှိ နေအိမ် ၅ အိမ်လောက်လည်း ပေါက်ကွဲမှုဒဏ်ကြောင့် တချို့တဝက်ပျက်စီးသွားပါတယ်။

ဗုံးကွဲချိန်ဟာ လူတွေအိမ်နေချိန်ဖြစ်ပြီး အန်အယ်လ်ဒီရုံးအနားမှာ စစ်သားတွေကလွဲလို့ တခြားသူ မရှိကြောင်းနဲ့ အဆောက်အဦတခုလုံး ပြိုကျပျက်စီးသွားအောင် စနစ်တကျ စီစဉ်ဖောက်ခွဲခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက အန်အယ်လ်ဒီရုံး နေရာတဝိုက်မှာ ယူနီဖောင်းဝတ် ရဲနဲ့ စစ်သားတွေ၊ ပျူစောထီးတွေ ခြေရှုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“၂၀ ရက်နေ့ ညနေပိုင်းလောက်ကနေစပြီး ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်အိမ်နဲ့ အန်အယ်လ်ဒီရုံးနား ကင်းပုံးတွေချထားပြီး စောင့်နေကြတာ” လို့ ရပ်ကွက်နေပြည်သူ တယောက်က ပြောပါတယ်။ 

ဒီမနက် ၈ နာရီလောက်မှာတော့ အဆိုပါဗုံးပေါက်ကွဲခဲ့တဲ့ နေရာအနီးအနားက CCTV ရုပ်သံမှတ်တမ်းတွေကို စစ်ကောင်စီတပ်တွေက လာရောက်သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဒါဟာ ပြစ်မှုမပေါ်လွင်အောင် သက်သေအထောက်ထားတွေ  အစဖျောက်ဖို့ သူတို့လုပ်နေတာ” လို့ ရပ်ကွက်နေဒေသခံက ပြောပါတယ်။

မြိတ်မြို့ တပ်ပြင်ရပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ (မြိတ်ခရိုင်) ရုံးအတွင်း မှာလည်း အောက်တိုဘာ ၂၀ ရက်က  ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013