DVB Logo
Home
မြန်မာသတင်း
ဇင်းကျိုက်ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ၊ ရဲများ CDM ဝင်ကြရန် နောက်ဆုံး သတိပေးဟု PDF ပြော
DVB
·
October 21, 2021
ဇင်းကျိုက်ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ၊ ရဲများ CDM ဝင်ကြရန် နောက်ဆုံး သတိပေးဟု PDF ပြော
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊  ဇင်းကျိုက်နယ်မြေရဲစခန်းမှာ အောက်တိုဘာ ၂၀ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုဟာ စခန်းဝင်းအတွင်း ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ရဲစခန်းဘက်က ဖြတ်သန်းသွားလာခွင့် ကန့်သတ်ခဲ့ပြီး၊ ဒီကနေ့ မနက်ပိုင်းမှာတော့ ဖြတ်သန်းသွားလာခွင့် ပြန်ပေးလာတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဇင်းကျိုက်နယ်မြေရဲစခန်းကို ဗုံးခွဲတိုက်ခိုက်တာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ပေါင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ PDF က ထုတ်ပြန်ပါတယ်။

အဲဒီဗုံးဖောက်ခွဲမှုဟာ  ရဲဝန်ထမ်းတွေ အချိန်မှီ ပြည်သူ့ဘက်တော်သားအဖြစ် CDM ပြုလုပ်ကြဖို့ နောက်ဆုံးအနေနဲ့ သတိပေးခြင်းဖြစ်တယ်လို့ ပေါင် PDF က ဆိုထားပါတယ်။

ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်အာဏာရှင်စနစ် ပြိုကျရေးအတွက် စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို  ဆက်လက် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013