DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် လူနည်းစုများအပေါ်ဖိနှိပ်မှု ရပ်တန့်ရေးဆောင်ရွက်ပေးရန် ကုလသမဂ္ဂကို တောင်းဆို
DVB
·
October 21, 2021
မြန်မာတွင် လူနည်းစုများအပေါ်ဖိနှိပ်မှု ရပ်တန့်ရေးဆောင်ရွက်ပေးရန် ကုလသမဂ္ဂကို တောင်းဆို
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဘာသာရေးလူနည်းစုတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေ မြင့်တက်လာနေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို ကြားဝင်ဆောင်ရွက်ပေးဖို့ ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေးအဖွဲ့အစည်း ၁၀၀ လောက်က ကုလသမဂ္ဂကို အောက်တိုဘာ ၂၀ ရက်က စာတစ်စောင် ရေးသားပေးပို့ တိုက်တွန်းပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဆီကို  မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) ဟာ တခြားလူ့အခွင့်အရေးအဖွဲ့အစည်း ၉၇ ခုနဲ့ လူပုဂ္ဂိုလ် ၁၅ ဦးတို့ ပူးပေါင်းပြီး စာရေးသားပေးပို့ခဲ့တာပါ။ 

ဖေဖော်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ယုံကြည်ပိုင်ခွင့်ကို ချိုးဖောက်မှုတွေ မြင့်တက်လာတဲ့ အပေါ် ဖြေရှင်းပေးဖို့ ပုဂ္ဂိုလ်ရေးအရ အဆင့်မြင့် ဦးဆောင်ကြိုးပမ်းပေးဖို့ စာမှာ တိုက်တွန်းထားပါတယ်။ 

စစ်တပ်ဟာ ပြည်သူ့ခုခံတော်လှန်အင်အားတွေကို အင်အားနည်းစေပြီး လမ်းလွှဲဖို့၊ အာဏာသိမ်းမှု နောက်ဆက်တွဲဖိနှိပ်မှုတွေနဲ့ စီးပွားရေးပြိုလဲခြင်းတို့ကနေ အာရုံလွှဲဖို့၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာရေးအုပ်စုတွေအပေါ် အမုန်းစကားနဲ့ဝါဒဖြန့်မှုတွေ ပိုမိုလုပ်ဆောင်မှာကို စိုးရိမ်ကြောင်းလည်း စာမှာ ဖော်ပြခဲ့ပါတယ်။ 

မြန်မာစစ်တပ်ဟာ ဘာသာရေးလူနည်းစုတွေအပေါ် ရန်လိုမှုအားလုံးကို အဆုံးသတ်ရမယ်၊ ဘာသာရေးနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊  အာဏာယူထားတာကို စွန့်လွှတ်ဖို့နဲ့  ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ပြန်လည်စတင်ခွင့်ပြုဖို့ တွေလည်း ပါဝင်ရေးသားထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ စစ်ကောင်စီအုပ်စုအပေါ် သံတမန်ရေးအရ ဖိအားပေးမှုတွေ မြှင့်တင်ဖို့၊ စစ်တပ်ရဲ့အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကို အဆုံးသတ်ရေး ဒေသတွင်းနိုင်ငံတွေကို စည်းရုံးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးနဲ့ လူသားအားလုံးအတွက် လူ့အခွင့်အရေး လေးစားလိုက်နာရေးတို့ကို ဦးဆောင်ကြိုးပမ်းပေးဖို့လည်း စာမှာ ရေးသား တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013