DVB Logo
Home
မြန်မာသတင်း
အရာတော် သစ်ကျင်းကြီးရွာက အုပ်ချုပ်ရေးမှူးဟောင်း‌အိမ်အပါအဝင် အိမ် ၅ လုံးကို စစ်တပ်က မီးရှို့
DVB
·
October 21, 2021
အရာတော် သစ်ကျင်းကြီးရွာက အုပ်ချုပ်ရေးမှူးဟောင်း‌အိမ်အပါအဝင် အိမ် ၅ လုံးကို စစ်တပ်က မီးရှို့
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာကို အောက်တိုဘာ ၂၀ ရက်ညမှာ အကြမ်ဖက်စစ်တပ်က ဝင်ရောက်လာပြီး NLD အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးဟောင်း နေအိမ်အပါအဝင် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ရွာခံ တစ်ဦးက “စစ်တပ်ကို လှမ်းခေါ်ပြီး သတင်းပေးတဲ့လူက ကြံ့ဖွံ့အုပ်ပြုတ် ရွှေထွန်းဆိုတဲ့ကောင်ပါ။ ရွာမှာ သူနဲ့အဆင်မပြေတဲ့ သူတွေကို သတင်းလိုက်ပေးနေတာ။ စစ်တပ်ကလည်း သစ်ကျင်းကြီးမှာ ဆိုတော့ နီးတော့ ချက်ချင်းလာပြီး မီးရှို့တာပဲ။ မီးရှို့နေတဲ့အချိန် ရွာထဲက တွေ့တဲ့လူတွေကို ဖမ်းပြီး ထိုင်ခိုင်းထားတာ။ သူတို့ခေါ်တာ ထွက်ပြေးတဲ့ရွာသားတစ်ဦးကို သေနတ်နဲ့ခြောက်လှန့်ပစ်ပြီး ဖမ်းဆီး ရိုက်နှက်ကာ စစ်တပ်က ခေါ်သွားတယ်” လို့ ‌ ပြောပါတယ်။

သီတင်းကျွတ်လပြည့်ည စစ်တပ်က မီးရှို့တာကြောင့် အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်နဲ့ သူ့ရဲ့ ညီမနေအိမ် အပါအဝင် ရွာခံပြည်သူတွေရဲ့နေအိမ် ၅ လုံးဟာ မီးလောင်ပြာကျသွားခဲ့ပြီး  မီးရှို့ခံရတဲ့ အိမ်ရှင်တွေအားလုံးလည်း အကြမ်းဖက်စစ်တပ်က လိုက်လံရှာဖွေတာတွေ ပြုလုပ်နေတာကြောင့် ရှောင်တိမ်းနေကြရတယ်လို့သိရပါတယ်။

အရာတော်မြို့နယ်အတွင်းမှ် စစ်တပ် ၃ တပ်ရှိတာဖြစ်ပြီး သစ်ကျင်းကြီး ကျေးရွာအနီးကတော့ အမြှောက်တပ်ရင်း ၃၉၆ ( အမတ-၃၉၆ ) ဒေသခေါ် သစ်ကျင်းကြီးတပ် ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013