DVB Logo
Home
မြန်မာသတင်း
မလေးတွင် ပိတ်မိနေသည့် အလုပ်သမားများထဲက ၂၁ ဦး မြန်မာပြည်ပြန်မည်
DVB
·
January 2, 2014
မလေးတွင် ပိတ်မိနေသည့် အလုပ်သမားများထဲက ၂၁ ဦး မြန်မာပြည်ပြန်မည်
Donate to DVB

မလေးရှားနိုင်ငံ ဆာဗား ဆာရ၀တ်ပြည်နယ် ရှင်ရန်းသင်္ဘောကျင်း အမှတ် ၂ ရှိ ဂိုထောင်တလုံးထဲမှာ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၉၈ ဦးထဲမှ ၂၁ ဦးဟာ ပထမဆုံးအသုတ်အနေနဲ့ မြန်မာပြည်ကို ပြန်မှာ ဖြစ်ပါတယ်။

945830_748536938507056_1896365875_nဒီဇင်ဘာ ၂၉ ရက်နေ့မှာ မလေးရှားနိုင်ငံ ဆာဗား ဆာရာဝတ်ပြည်နယ်မှာ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစိုးဝင်းနဲ့အတူ မြန်မာအလုပ်သမား ရှာဖွေရေး အေဂျင်စီမှ အေးဂျင့်များနဲ့ ကုမ္ပဏီပိုင်ရှင်တို့ ၂ ရက်ကြာ ဆွေးနွေးမှုအပြီး မြန်မာပြည်ကို ပြန်ဖို့ ပထမဆုံးအသုတ်အနေနဲ့ ၂၁ ဦးကို ပြန်လည်စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမား ၂၁ ဦးကို ဇန်န၀ါရီ ၄ ရက်နေ့မဟုတ်ရင် ၅ ရက်နေ့မှာ မြန်မာပြည်ကို လေယာဉ်နဲ့ ပြန်မှာဖြစ်ပါတယ်။

ရန်စပြုတဲ့ အင်ဒိုနီးရှားအလုပ်သမား ၂ ဦးကိုလည်း သက်ဆိုင်ရာရဲစခန်းနဲ့ ကုမ္ပဏီတို့က အမှုဖွင့်ထားကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစိုးဝင်းက ပြောဆိုပါတယ်။

“အခု ၂၁ ယောက်ကို ဇန်န၀ါရီ ၄ ရက်နေ့ ဒါမှမဟုတ် ၅ ရက်နေ့ တရက်ရက်မှာ ပြန်ဖြစ်မယ်။ လက်မှတ်ရထားပြီ။ လောလောဆယ်တော့ သက်ဆိုင်ရာ ရဲစခန်းကပဲ အမှုလုပ်ထားတယ်။ ရှင်းရန့် ကုမ္ပဏီက အမှုဖွင့်ထားတာ။ အလုပ်သမားတွေကိုတော့ ခေါ်ခေါ်မေးနေတယ်။”

မြန်မာအလုပ်သမား ၉၈ ဦးထဲက မိသားစုအခက်အခဲတွေကြောင့် မလေးရှားနိုင်ငံမှာ အလုပ်ဆက်လက်လုပ်ကိုင်လိုတဲ့ အလုပ်သမား ၉ ဦးကိုတော့ ကုမ္ပဏီပိုင် တခြား သင်္ဘောကျင်းမှာ ဆက်လက် လုပ်ကိုင်စေတယ်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့ အလုပ်သမား ၆၈ ဦးက ကုမ္ပဏီပိုင် ဂိုထောင်ထဲမှာ ဆက်လက် နေထိုင်ကာ စားသောက်ရေးကိုတော့ ကုမ္ပဏီက တာဝန်ယူထားပြီး မြန်မာပြည်ကို အသုတ်လိုက် ပြန်လည် ပို့ဆောင်မယ်လို့ သိရပါတယ်။

လုပ်ငန်းရှင် ကုမ္ပဏီဘက်က အလုပ်သမားစာချုပ်သက်တမ်းအရ လျော်ကြေး တောင်းဆို ထားလို့ နေရပ်ပြန်ဖို့ ကြန့်ကြာနေတာလို့ အလုပ်သမားတဦးဖြစ်တဲ့ ဦးနော်နော်က ပြောပါတယ်။

“ကျနော်တို့ကို သူတို့က လျော်ကြေးတောင်းတာပေါ့။ ကျနော်တို့ ကိုယ်တိုင်က မလုပ်ချင်လို့ ထွက်တာလည်း မဟုတ်ဘူး။ ကျနော်တို့အသက်အန္တရာယ် စိုးရိမ်ရလို့ ပြန်မှာ ဖြစ်တဲ့အတွက် လျော်လည်း မလျော်နိုင်ဘူး။ ကျနော်တို့မှာ ရှိတဲ့လစာက ၁၀၀၀ ကျော် တလစာပဲရှိတယ်။ ဘဏ်ကတ်တွေ အကုန်လုံးကို သံရုံးအဖွဲ့က တယောက်ကို ပေးထားတယ်။ သူက ၂၀ ဦးဆီ လွှတ်မယ်။ လွှတ်မယ့်အထဲမှာမှ ၂၀ ထဲမှာ ပါတဲ့လူရဲ့ ဘဏ်ထဲက ပိုက်ဆံကို တနေ့တည်းမှာ သွားထုတ်မယ်။ လေယာဉ်လက်မှတ်ကို ၀ယ်မယ်။ ပိုတဲ့ ပိုက်ဆံကို ပြန်ပေးမယ်။ အဲဒီလိုတော့ ပြောသံကြားတယ်။ လျော်တာတော့ လျော်လည်း မလျော်နိုင်ဘူး၊ လျော်စရာလည်း မရှိဘူး။ အဲဒါကြောင့်လည်း ကြန့်ကြာနေတာပါမှာပေါ့။ ဒီ ၁ လ ၀န်းကျင်မှာ ပြန်ရမယ်လို့ ထင်တာပဲ” လို့ ပြောဆိုပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က မြန်မာအလုပ်သမား ၂ ဦးနဲ့ အင်ဒိုနီးရှားအလုပ်သမား ၂ ဦးတို့ အချင်းများရာကနေ အင်ဒိုနီးရှားအလုပ်သမား ၃၀၀ ကျော်က အသုံးအဆောင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးပြီး ရန်ပြု တိုက်ခိုက်မှုကြောင့် သင်္ဘောကျင်းရှိ ဂိုထောင်တခုမှာ ပုန်းအောင်းနေကြရတာ ဖြစ်ပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမားဦးရေဟာ တရားဝင် ၃ သိန်းနဲ့ တရားမဝင် ၄ သောင်း ရှိတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013