DVB Logo
Home
မြန်မာသတင်း
ရေစကြို PDF တပ်ဖွဲ့က မိုင်တဲလ်တာဝါတိုင် ၂ တိုင်ကို ဖောက်ခွဲမီးရှို့ဖျက်ဆီး
DVB
·
October 21, 2021
ရေစကြို PDF တပ်ဖွဲ့က မိုင်တဲလ်တာဝါတိုင် ၂ တိုင်ကို ဖောက်ခွဲမီးရှို့ဖျက်ဆီး
1 / 3
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက်ညက  စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင် ၂ တိုင်ကို ရေစကြို PDF တပ်ဖွဲ့က ဖောက်ခွဲ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ကလုံခြုံရေးယူပြီးတော့ လာရောက်ပြုပြင်ထားတဲ့ မအူ(တောင်)ရွာက မိုင်တဲလ် တာဝါတိုင်ကို ရေစကြို PDF တပ်ဖွဲ့ကဒုတိယအကြိမ်ထပ်မံဖောက်ခွဲ မီးရှို့ ဖျက်ဆီးခဲ့သလို ရွာသစ်ရွာက မိုင်တဲလ် တာဝါတိုင် တစ်တိုင်ကိုပါ ဖောက်ခွဲမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရေစကြို PDF ခေါင်းဆောင်က  ပြောပါတယ်။

အဲဒီ မိုင်တဲလ်တာဝါတိုင်ကို ဖောက်ခွဲရတာဟာ တော်လှန်သီတင်းကျွတ် အထိမ်းမှတ်အဖြစ် မီးရှို့ဖျက်ဆီးတာဖြစ်ပြီးတော့ ရေစကြိုမြို့နယ်က ရွာတစ်ရွာက​ စေတီတစ်ဆူမှာလည်း တော်လှန်သတင်းကျွတ်ညသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။

ရေစကြို PDF တပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓိက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင်ပေါင်း  ၁၀ တိုင်ကို ၁၂ ကြိမ် ဖောက်ခွဲဖျက်ဆီးမီးရှို့နိုင်ခဲ့တယ်လို့ ရေစကြို PDF တပ်ဖွဲ့ကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013