DVB Logo
Home
မြန်မာသတင်း
G7-အာဆီယံထိပ်သီးအစည်းအဝေး မြန်မာစစ်တပ်ကို တက်ခွင့်မပြုသည့်အပေါ် ဘားမားကမ်ပိန်း ကြိုဆို
DVB
·
October 20, 2021
G7-အာဆီယံထိပ်သီးအစည်းအဝေး မြန်မာစစ်တပ်ကို တက်ခွင့်မပြုသည့်အပေါ် ဘားမားကမ်ပိန်း ကြိုဆို
Donate to DVB

ဗြိတိန်အစိုးရက G7- အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်တပ်ကို တက်ရောက် ခွင့်မပြုတဲ့အပေါ် ဘားမားကမ်ပိန်းအဖွဲ့က ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိန်မှာ ကျင်းပမယ့် G7- အာဆီယံထိပ်သီးအစည်းအဝေးကို ဖိတ်ကြားမခံရတာက အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှာ တရားဝင် အသိအမှတ်ပြုမှုရရှိစေဖို့ မြန်မာစစ်တပ်ရဲ့ ကြိုးပမ်းမှုကို နောက်ထပ်ထိုးနှက်ချက်တခုဖြစ်လာတယ်လို့ ဘားမားကမ်ပိန်းအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ အန်နာရောဘတ်စ်က ပြောပါတယ်။

“G7- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် ဗြိတိန်အစိုးရက မြန်မာစစ်တပ်ကို မဖိတ်ဖို့ ဆုံးဖြတ်ချက်ကို ကျမတို့ ကြိုဆိုပါတယ်။ ဗွီဒီယိုလင့်ခ်ကတဆင့်လည်း စစ်တပ်ကို ပါဝင်ခွင့်မပြုဖို့ တိုက်တွန်းထားပါတယ်။ စစ်တပ်ဟာ မြန်မာပြည်ကိုယ်စားပြုအနေနဲ့ တရားဝင်မှုမရှိသလို နိုင်ငံတကာသံတမန်အစည်းအဝေးတွေမှာလည်း နေရာမပေးသင့်ပါဘူး။”

ဗြိတိန်က ဒီဇင်ဘာလထဲမှာ ကျင်းပပြုလုပ်မယ့်  G7 နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို တက်ရောက်ဖို့ အာဆီယံကို ဖိတ်ကြားထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗြိတိန်အစိုးရအနေနဲ့ ရှင်းလင်းစွာပဲ မြန်မာစစ်ကောင်စီကို အစည်းအဝေးတက်ရောက်ဖို့ မကြိုဆိုဘူးလို့  ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးညီလာခံမှာ တက်ရောက်ဖို့ ဖိတ်ကြားမှာ မဟုတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ဗြိတိန်အနေနဲ့ အသိအမှတ်ပြုပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုအခြေအနေ၊ ပြည်သူတွေကို အကြမ်းဖက်မှုတွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအ၀င် အရပ်သားအစိုးရအဖွဲ့ဝင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖမ်းဆီးထိန်းသိမ်းထားတာတွေကို ရှုတ်ချကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို အဆုံးသတ်ဖို့ တူညီတဲ့ ရည်မှန်းချက်အတွက် အာဆီယံနဲ့ နီးနီးကပ်ကပ် ဆက် လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လတ်တလောမှာတော့ မြန်မာစစ်တပ်အနေနဲ့ ဗွီဒီယိုခေါ်ဆိုမှုကတဆင့် အစည်းအဝေး တက်ရောက်နိုင်မယ့် ဖြစ်နိုင်ခြေတော့ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ ၀င်ငွေေအရင်းအမြစ်တွေကို ဖော်ထုတ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013