DVB Logo
Home
မြန်မာသတင်း
အရာတော် လေ့ကျင့်ရေးတပ်တွင် ပြည်သူတစ်ဦးအား ရိုက်နှက်‌နှိပ်စက်နေသည့် ဗွီဒီယိုထွက်ပေါ်
DVB
·
October 20, 2021
အရာတော် လေ့ကျင့်ရေးတပ်တွင် ပြည်သူတစ်ဦးအား ရိုက်နှက်‌နှိပ်စက်နေသည့် ဗွီဒီယိုထွက်ပေါ်
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (အရှေ့တပ်) အတွင်း ဖမ်းဆီးထားသူတစ်ဦးကို နေပူလှန်းပြီး ရိုက်နှက်နှိပ်စက်နေတဲ့ ဗွီဒီယိုဖိုင်တခု အောက်တိုဘာ ၂၀ ရက်နေ့က အွန်လိုင်းပေါ် ပျံ့နှံ့လာပါတယ်။

အရာတော်မြို့နယ်က ဖမ်းဆီးခံရသူအများစုကို စခတ-၁၀ (အရပ်ခေါ် အရှေ့တပ်)ထဲမှာ ချုပ်နှောင်ထားပြီး နှိပ်စက်စစ်ဆေးတာတွေပြုလုပ်နေတာဖြစ်ပြီး  ဖမ်းဆီးခံရသူတွေကို မကြာခဏ နေပူထုတ်လှန်းပြီး ရိုက်နှက်စစ်ဆေးနေတာလို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။ 

ဒါ့အပြင် ည ၂ နာရီ၊ ၃ နာရီ အချိန်မတော်ချိန်တော်လည်း ဖမ်းဆီးခံထားရသူတွေကို နှိုးပြီး စစ်ကြောနှိပ်စက်သေးတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်အရာရှိတွေက မထင်ရင်မထင်သလို လက်ညှိုးထိုးခေါ် သီးသန့်စစ်ဆေး စေတတ်သလို ဖမ်းဆီးခံသံဃာတော်တွေကိုလည်း လူဝတ်လဲပြီး ရိုက်နှက်နှိပ်စက်နေကြတယ်လို့ စစ်တပ်နဲ့ နီးစပ်သူက ပြောပါတယ်။

အရာတော်မြို့နယ်မှာ မတရားဖမ်းဆီးခံရသူ ၆၀ ဦးလောက်ရှိတဲ့ထဲက အမျိုးသမီးတစ်ဦးသာ မနေ့က ပြန်လည်လွတ်မြောက်လာသေးတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲက အချို့ဟာ မတရားအမိန့်ချခံရပြီး မုံရွာထောင်နဲ့ရွှေဘိုထောင်တို့မှာ အကျဉ်းကျနေတယ်လို့ သိရပါတယ်။

နေပူလှန်း ရိုက်နှက်နှိပ်စက်နေခံခဲ့ရသူ ဘယ်သူဆိုတာကိုတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013