DVB Logo
Home
မြန်မာသတင်း
ကယားတွင် ကိုဗစ်ကြောင့် သေဆုံးနှုန်းမြင့်တက်၊ စစ်ရှောင်စခန်းများ ဆေးဝါးအကူ အရေးပေါ် လိုအပ်
DVB
·
October 20, 2021
ကယားတွင် ကိုဗစ်ကြောင့် သေဆုံးနှုန်းမြင့်တက်၊ စစ်ရှောင်စခန်းများ ဆေးဝါးအကူ အရေးပေါ် လိုအပ်
1 / 4
Donate to DVB

ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံး သူ ၁၈၀ အထိမြင့်တက်လာပြီး စစ်ရှောင်စခန်းတွေမှာ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ ဇွန် ၂၉ ရက်ကနေ အောက်တိုဘာလ ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၃၉၇ ဦးနဲ့ သေဆုံးသူ ၁၈၀ ဦးရှိပြီလို့ ပြည်နယ်ကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အတွေအရ သိရပါတယ်။

ပိုးတွေ့ရှိသူတွေထဲမှာ လွိုင်ကော်မြို့က ၂၄၆၈ ဦး၊ ဒီးမော့ဆိုမြို့က ၇၂ ဦး၊  ဖရူဆိုမြို့က ၃၂ ဦး၊ ရှားတောမြို့က ၇ ဦး၊ ဘောလခဲမြို့ ၅၇၇ ဦး၊  ဖားဆောင်းမြို့က ၁၀၃၁ ဦး နဲ့ မယ်စဲမြို့က ၂၁၀ ဦး တို့ဖြစ်ပါတယ်။

သေဆုံးသူ ၁၈၀ ဦးမှာတော့ လွိုင်ကော်မြို့က ၁၅၇ ဦး နဲ့ အများဆုံးဖြစ်ပြီး ဖရူဆိုမြို့က ၁ ဦး၊ ဘောလခဲမြို့နယ်က ၄ ဦး၊ ဖားဆောင်းမြိုန့ယ်က ၁၄ ဦး နဲ့ မယ်စဲ့မြို့နယ်က ၄ ဦး ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီလိုပြည်နယ်ကျန်းမာရေးဌာနက အခုလို စားရင်းတွေ ဖော်ပြထားသလို  ပြည်နယ် ကျန်းမာရေးဌာနဆီ မရောက်နိုင်သေးတဲ့  ကျေးလက်ဒေသ စစ်ရှောင်စခန်းတွေမှာလည်း ကိုဗစ်ရောဂါ ကူးစက်မှုတွေဟာ စက်တင်ဘာလကုန်လောက်စပြီး မြင့်တက်နေတယ်လို့ စစ်ရှောင်တွေကို လိုက်လံကူညီနေတဲ့ စေတနာ့ဝန်ထမ်းတဦးက ပြောပါတယ်။

“ကူးစက်မှုကတော့ စစ်ရှောင်စခန်းတိုင်းမှာ၊ နောက်ရွာတိုင်းမှာ အခုက ပြန့်ကုန်ပြီ။ အခုက ကျူစင်တာမှာလည်း နေရာအလုံအလောက်မရှိဘူး။ နေရာမလုံလောက်တာအပြင် ဆရာဆရာမတွေရော၊ ဆေးဝါးကော မလုံလောက်ဘူး။ အခုက ဘယ်လိုလုပ်နေလဲဆိုတော့ သူတို့နေတဲ့ စရှောင်စခန်းထဲမှာပဲ အဲလိုနေခိုင်းပြီးတော့မှ မိုဘိုင်းပုံစံနဲ့ အဲလိုလှည့်ပြီးတော့မှ သွားကုပေးနေရတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ ”

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ကျေးရွာနဲ့ စစ်ရှောင်စခန်းတိုင်းလိုလိုမှာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုတွေရှိနေပြီး စစ်ဆေးဖို့ Test Kits မလုံလောက်သလို တချို့တွေကလည်း ရောဂါ အစစ်အဆေး မခံကြတာတွေ ရှိနေပါတယ်။

ဒါ့အပြင် လက်ရှိတိုက်ပွဲဖြစ်နေရတဲ့အနေအထားမှာ စစ်ရှောင်စခန်းက လူနာတွေကို ဆေးရုံဆေးခန်းပို့ဖို့ လမ်းကြောင်းအဆင်မပြေမှုတွေ ရှိနေသလို အစားအစာနဲ့ဆေးဝါးလုံလောက်မှု မရှိဖြစ်နေတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။

“အခု ကျနော်နေတဲ့ ဒီးမော့ဆို အရှေ့ချမ်းမှာ ကျနော်သိသလောက်ဆိုရင်တော့  ကိုဗစ်လူနာ ၅၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိပြီးသားပဲ။ ကျနော်တို့ အကုန်မစစ်နိုင်ဘူးလေ။ မစစ်နိုင်ဘူးဆိုတာက ပထမတချက်က Test kits မရှိဘူး၊ မလုံလောက်ဘူး။ ဒုတိယတချက်က ဒီဖျားနေတဲ့ လူတွေကိုယ်နိုက်က မစစ်ချင်ဘူး၊ အစစ်မခံဘူး။ အဲဒါမျိုးလူတွေလည်း ခပ်များများရယ်။ အခုက ကုသဖို့ သောက်ဆေးတောင်မှ မနည်းလိုက်ရှာရတယ်။ ကျနော်တို့ ပစ္စည်းကိရိယာတွေက မလုံလောက်ဘူးလေ။ အများကြီးပဲ test kits မရှိတာတွေရယ်၊ စေတနာ့ဝန်ထမ်းတွေသုံးတဲ့ mask ၊ hand Gel၊ PPE တို့ အစုံပဲ။ လိုအပ်တဲ့ အထွေထွေဟာတွေ မလုံလောက်ဘူး။ ကာကွယ်ဆေးဆိုရင် ပိုဝေးတာပေါ့။”

စစ်ရှောင်စခန်းတွေမှာ ဒီလိုကျန်းမာရေးအတွက် အသုံးပြုဖို့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေသလိုပဲ နေ့စဉ်စားဝတ်နေရေးအတွက် အစားသောက်တွေလည်း လိုအပ်နေပါတယ်။

အခုနောက်ပိုင်း အကူအညီတွေ လျော့နည်းသွားတဲ့အတွက်လည်း စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေး၊ ကပ်ရောဂါကူးစက်မှုနဲ့ ကျန်းမာရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဒီးမာ့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ရာသီဥတုပြောင်းလဲမှုကြောင့် ရာသီတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျော ရောဂါတွေ ခံစားနေကြရသလို ကိုဗစ်သံသရှိလူနာတွေ တွေ့ရသလို သက်ကြီးရွယ်အို၊ ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်ေ ဆေးဝါးတွေ အဓိက လိုအပ်နေတယ်လို့ အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အလားတူပဲ ဖရူဆိုမြို့နယ်ဘက်က ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာလည်း ကိုဗစ်ကူး-၁၉ ကူးစက်မှုတွေ ဖြစ်ပွားနေပါတယ်။ 

လူဦးရေ ၃ သိန်းလောက်သာရှိတဲ့ ကယားပြည်နယ်မှာ  ကိုဗစ်-၁၉ ရောဂါ စတင်ပြန့်ပွားချိန်ကစပြီး ဇန်နဝါရီ ၃၁ ရက်နေ့အထိ ကယားပြည်နယ်မှာ ပိုးတွေ့လူနာ ၁၁၂ ဦးရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် တတိယလှိုင်းကာလ ဇွန် ၂၉ ရက်ကနေ အောက်တိုဘာ ၁၉  ရက်နေ့အထိ  ကိုဗစ်တည်ပြုလူနာ ၄၀၀၀ နီးပါးနဲ့ သေဆုံးသူ ၁၈၀ အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013