DVB Logo
Home
မြန်မာသတင်း
တပ်ရင်း ၅၄၅ တပ်ရင်းမှူး၏ ကိုယ်ရံတော် စနိုက်ပါကျွမ်းကျင်သူ MNDAA ထံ အလင်းဝင်
DVB
·
October 20, 2021
တပ်ရင်း ၅၄၅ တပ်ရင်းမှူး၏ ကိုယ်ရံတော် စနိုက်ပါကျွမ်းကျင်သူ MNDAA ထံ အလင်းဝင်
Donate to DVB

တပ်မ (၁၂) လက်‌အောက်ခံ တပ်ရင်း (၅၄၅) တပ်ရင်းမှူးရဲ့ ကိုယ်ရံတော် စနိုက်ပါကျွမ်းကျင်သူ တပ်သားထိုက်အောင် အောက်တိုဘာ ၁၈ ရက်နေ့က MNDAA တပ်ဖွဲ့ဆီကို အလင်းဝင်ခဲ့တယ်လို့ The Kokang သတင်းမှာ ဖော်ပြထားပါတယ်။ 

အလင်းဝင်လာခဲ့တဲ့ တပ်သား ထိုက်အောင်ဟာ ၂၀၁၃ ခုနှစ်က စစ်ကောင်စီတပ်ကို စတင်ဝင်ရောက်ခဲ့ပြီး ၂၀၂၀ ဇူလိုင်မှာ ကိုးကန့်ဒေသကို ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။ 

သူ့ရဲ့အစ်ကိုရင်းဖြစ်သူက စစ်တပ်အာဏာသိမ်းမှုကို လက်သင့်မခံကြောင်း ဆန္ဒထွက်ပြရင်း စစ်ကောင်စီရဲတပ်ဖွဲ့ရဲ့ သေနတ်နဲ့ပစ်သတ်တာကို ခံလိုက်ရပြီးနောက် စစ်ကောင်စီ လက်အောက် မှာ တာဝန်မထမ်းလိုတာကြောင့် အခုလို MNDAA တပ်ဖွဲ့ဆီမှာ လာရောက်ခိုလှုံတာလို့ ပြောပါတယ်။ 

MNDAA တပ်ဖွဲ့ကသာ သူ့ကိုယုံကြည်လက်ခံတယ်ဆိုရင် အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ချင်တယ်လို့ ဆိုပါတယ်။ 

​စစ်တပ်ထဲမှာ တပ်သားတွေရဲ့ မိသားစုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်တွေက ထိန်းချုပ်ထားတဲ့အတွက်ကြောင့် သူတို့အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့ စစ်သားတွေလည်း အများအပြားရှိနေတယ်လို့ တပ်သားထိုက်အောင်က MNDAA တပ်ဖွဲ့ကို ပြောဆိုပါတယ်။ 

ဒီအရက်ပိုင်းအတွင်း မုံးကိုးဒေသမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ MNDAA တပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်လာပြီး ဖောင်းဆိုင်ဒေသမှာလည်း စစ်ရေးအခြေနေတွေ မြင့်တက်နေပါတယ်။ လက်ရှိအချိန်ထိ အာဏာသိမ်းစစ်တပ်ကို စွန့်ခွာပြီး CDM လုပ်ဆောင်ထားတဲ့ စစ်သားနဲ့ ရဲ ၄၀၀၀ နီးပါးရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013