DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်း Freedom Award ဆုလက်ခံရယူ
DVB
·
October 20, 2021
သံအမတ်ကြီး ဦးကျော်မိုးထွန်း Freedom Award ဆုလက်ခံရယူ
1 / 4
Donate to DVB

၂၀၂၁ ခုနှစ်အတွက်  John S.McCain  Freedom Award  ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၉ ရက်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာကျင်းပရာမှာ  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်လက်ခံရယူခဲ့ပါတယ်။ 

ဒီဆုကို ဝါရှင်တန်အခြေစိုက် International Republican Institute (IRI)က ဒီမိုကရေစီ လွတ်လပ်ခွင့်တွေအတွက် ကမ္ဘာတဝန်းက ကြိုးပမ်းသူတွေကို နှစ်စဉ်ရွေးချယ်  ချီးမြှင့်တာဖြစ်ပါတယ်။ 

ဒီနှစ်အတွက် ဆုရရှိခဲ့တဲ့ ဒီမိုကရေစီသူရဲကောင်းတွေကတော့ လစ်သူယေးနီးယား ဝန်ကြီးချုပ် အင်ဂရီဒါဆီမိုနီတာ၊ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဘယ်လာရုစ်နိုင်ငံရေးအကျဉ်းသားများအတွက် ညှိနှိုင်းဆောင်ရွက်ရေးကောင်စီကိုယ်စားလှယ် တက်ဆီရာနာခိုမစ်ချ်နဲ့ ကျူးဘားနိုင်ငံက Grammy ဆုရအနုညာရှင် ဝီလီချီရီနိုတို့ ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းဟာ ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို လက်မခံဘဲ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပူးပေါင်းခဲ့တဲ့အတွက် IRI က ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အန်အယ်လ်ဒီဦးဆောင်တဲ့  အရပ်သားအစိုးရကို ကိုယ်စားပြုပြီး မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း သတ္တိရှိရှိပြောဆိုခဲ့တာပါ။ 

သူ့ရဲ့မိန့်ခွန်းအဆုံးမှာလည်း  ပြည်သူသာ အဓိက အရေးတော်ပုံ အောင်ရမည်ဆိုပြီး လက်သုံးချောင်းထောင်ကာ  မြန်မာပြည်တွင်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ပြသသွားခဲ့တာဖြစ်ပါတယ်။

Freedom Award ဆုကို ၁၉၉၅ ခုနှစ်ကတည်းကစတင်ပြီး ကမ္ဘာတဝန်းက သန်းနဲ့ချီတဲ့ပြည်သူတွေရဲ့  ဒီမိုကရေစီရေး၊ လွပ်လတ်ခွင့်နဲ့ လူသား လွတ်မြောက်ရေးတို့အတွက် တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်နေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ်တာဖြစ်ပါတယ်။

အရင်က ဒီဆုကို အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်၊  သမ္မတဟောင်း ဂျော့ချ် အိတ်ချ်ဒဗလျူဘွတ်ရှ်၊  သမ္မတဟောင်း ဂျော့်ချ် ဒဗလျူဘွတ်ရှ်၊ လိုက်ဘေးရီးယားသမ္မတ အယ်လန်ဂျွန်ဆင်ဆာလစ်ဖ်၊ ငြိမ်းချမ်းရေနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ စသူတို့လည်းရရှိခဲ့ဖူးပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ဆုကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွမ်ပေအို၊  ဟောင်ကောင်ပြည်သူတွေနဲ့ ဘယ်လာရုစ် ဒီမိုကရေစီရေးလှုပ်ရှားသူ ၃ ဦးတို့ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013