DVB Logo
Home
မြန်မာသတင်း
မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား၂၁ ဦးပြန်လွတ်၊ ကျောင်းသား ၁ ဦးပြန်အဖမ်းခံရ
DVB
·
October 20, 2021
မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား၂၁ ဦးပြန်လွတ်၊ ကျောင်းသား ၁ ဦးပြန်အဖမ်းခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၂၁ ယောက် အောက်တိုဘာ ၁၉ ပြန်လွှတ်ပေးလိုက်ပြီး တကသ ကျောင်းသား တယောက်ပြန်အဖမ်းခံခဲ့ရပါတယ်။ 

မုံရွာအကျဉ်းထောင်ကနေပြန်လည်လွှတ်ပေးလိုက်သူတွေကတော့  ကိုထွန်းအောင်ကျော် ၊ကိုကံအောင်၊မ ခင်မင်းခန့်၊ မပပဦး၊ ကိုတင်ဝင်း (ခ) ဝင်းဌေး၊ ကိုအောင်ဇေယျလင်း၊ ကိုဘိုဘိုအောင်၊ ကိုဇင်သူရ၊ ကိုထက်နိုင်လင်း (ခ)ထက်နိုင်၊ ကိုသူရကျော်၊ ကိုဇော်ဦး၊ ကိုသူရဝင်း၊ ကိုခန့်ဇင်ကို၊ မခင်တန်ခူး၊ ကိုဇင်မင်းစိုး ကိုဇော်မင်းထိုက်၊ မယဉ်ယဉ်နွယ်၊ မသူဇာဝင်း၊ မမြင့်မြတ်အောင်၊ မကြည်ကြည်ဇင်၊ကို သက်ထွန်းအောင်တို့ လွတ်မြောက်လာခဲ့ပါတယ်။

အခုညနေပိုင်းမုံရွာ တကသကျောင်းဟောင်း ကိုခန့်ဇင်ကတော့ လွတ်လာပြီးနောက် ထောင်ရှေ့မှာ ပြန်ဖမ်းဆီးခံရတယ်လို့ တသကကျောင်းသားအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းတစ်ခုလုံး ထောင်အသီးသီးကနေ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာ ၄၄၆ ယောက်ရှိ တယ်လို့ရပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ  နိုင်ငံတကာဖိအားကြောင့် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင် နေရသူ ၄၃၂၀ ဦးကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး ပြန်လွတ်လာသူတွေ ပြန်အဖမ်းခံရတာလည်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013