DVB Logo
Home
မြန်မာသတင်း
အဓမ္မဖယ်ရှားခံရသည့် လှိုင်သာယာကျူးကျော်များ သွားစရာနေရာမရှိသဖြင့် အခက်အကြုံ
DVB
·
October 19, 2021
အဓမ္မဖယ်ရှားခံရသည့် လှိုင်သာယာကျူးကျော်များ သွားစရာနေရာမရှိသဖြင့် အခက်အကြုံ
1 / 2
Donate to DVB

ရန်ကုန်မြို့၊ လှိုင်သာယာက ကျူးကျော်တွေကို နေရာဖယ်ပေးဖို့ စစ်ကောင်စီက အတင်းအကျပ် ဖိအားပေးနေပေမဲ့ ထောင်နဲ့ချီတဲ့ ကျူးကျော်မိသားစုတွေဟာ  သွားစရာနေရာမရှိတဲ့အတွက် အခက်အခဲနဲ့  ကြုံတွေ့ကြပါတယ်။

ရန်ကုန်မြို့၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ်လမ်းဘေးတလျှောက်က ကျူးကျော်တွေကို နေရာဖယ်ပေးဖို့ စစ်ကောင်စီက အောက်တိုဘာ ဒုတိယအပတ်မှာ ဖိအားတွေပေးခဲ့တာပါ။ အချိန်တစ်ပတ်အတွင်း နေရာဖယ်ပေးရမယ်လို့လည်း  စစ်ကောင်စီလက်အောက်ခံ မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက သတိပေးစာတွေ ပေးပို့ခဲ့တာဖြစ်ပါတယ်။

ကျူးကျော်တွေဟာ နဂိုကတည်းက အလုပ်အကိုင်အတည်တကျမရှိသူတွေ ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပုံမှန်အလုပ်မရှိသူ ပိုများခဲ့ပါတယ်။ စစ်ကောင်စီက နေရာဖယ်ပေးဖို့ ဖိအားပေးနေပေမယ့် သွားစရာနေရာမရှိသလို ပိုက်ဆံလည်းမရှိဘူးလို့ ကျူးကျော်တစ်ယောက်က ပြောပါတယ်။

ရန်ကုန်-ပုသိမ် ကားလမ်းမတလျှောက်မှာ ကျူးကျော်အိမ်ထောင်စု ထောင်နဲ့ချီရှိနေပြီး ၂၀၀၈ နာဂစ်ဖြစ်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းကနေ ပြောင်းရွှေ့လာသူတွေ ဖြစ်ပါတယ်။ 

ကျူးကျော်တွေကို အန်အယ်လ်ဒီ အစိုးရလက်ထက်က စမတ်ကတ်တွေနဲ့ စာရင်းပြုစုထားပြီး နေစရာအတည်တကျ ဖန်တီးပေးဖို့ ကြိုးစားခဲ့ပါတယ်။

ရန်ကုန်တိုင်းမှာ စမတ်ကတ်ထုတ်ပေးခဲ့တဲ့ အိမ်ထောင်စု စုစုပေါင်း နှစ်သိန်းခွဲကျော်ရှိခဲ့ပြီး သူတို့ကို တန်ဖိုးနည်းအိမ်ရာတွေ ဝယ်ယူခွင့်ပေးဖို့ NLD အစိုးရက စီစဉ်ခဲ့ပါတယ်။ အခု စစ်ကောင်စီရဲ့ နှင်ထုတ်မှုကြောင့် အထုပ်ဆွဲပြီး လမ်းဘေးနေဖို့ နည်းလမ်းပဲရှိတော့တယ်လို့ ကျူးကျော်တစ်ယောက်က ပြောပါတယ်။

ကျူးကျော်တွေကို စစ်ကောင်စီက နေရာဖယ်ခိုင်းနေပေမယ့် အစားထိုးနေထိုင်ဖို့ နေရာစီစဉ်ပေးတာလည်း မရှိဘူးလို့ ကျူးကျော်တွေက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံသားတွေဖြစ်ပေမဲ့ သူတို့မှာ လုံခြုံမှုမရှိတဲ့အတွက် အနာဂတ်ပျက်စီးတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းထားချိန်ကို အခွင့်ကောင်းယူပြီး ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းမှာရှိတဲ့  ကျူးကျော်နေထိုင်သူတွေကို လူသားချင်းစာနာမှုနဲ့ အကူအညီ တစုံတရာမပေးဘဲ ဖယ်ရှားဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013