DVB Logo
Home
မြန်မာသတင်း
အဲအေးရှား ဘန်ကောက်-နေပြည်တော် ခရီးစဉ် ရပ်ဆိုင်း
DVB
·
January 1, 2014
အဲအေးရှား ဘန်ကောက်-နေပြည်တော် ခရီးစဉ် ရပ်ဆိုင်း
Donate to DVB

မြန်မာနဲ့ ထိုင်းနိုင်ငံတို့ကို ပြေးဆွဲနေတဲ့ ထိုင်းလေကြောင်းလိုင်း အဲအေးရှားရဲ့ ဘန်ကောက်- နေပြည်တော် လမ်းကြောင်း ပြေးဆွဲမှုကို စီးနင်းမယ့် ခရီးသည် အရေအတွက် နည်းပါးလို့ ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

PlanespottersNet_073298 မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲ မတိုင်မီက စတင်ပြေးဆွဲခဲ့တဲ့ အဲအေးရှား လေကြောင်းလိုင်းမှာ ထိုင်ခုံ ၁၈၀ လူ အပြည့် လိုက်ပါစီးနင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထိုင်ခုံ ၁၀ ခုံစာလောက်ပဲ စီးသူရှိတယ်လို့ အဲအေးရှား သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့က စတင်ပြေးဆွဲချိန်တုန်းကတော့ ဆီးဂိမ်းပြိုင်ပွဲဝင် အားကစားသမားတွေ၊ နည်းပြတွေနဲ့ ထိုင်းအမျိုးသား အိုလံပစ်ကော်မီတီမှ ထောက်ပံ့အားပေးသူတွေ အပြင် ဆီးဂိမ်းသတင်း လိုက်ပါရယူကြတဲ့ သတင်းထောက်တွေ အများဆုံး စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။

နေပြည်တော်ဟာ စီးနေကျ ဖောက်သည်တွေနဲ့ အပန်းဖြေခရီးထွက်မယ့်သူတွေအတွက် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာနေရာတွေနဲ့ အခြေခံအဆောက်အဦ နည်းပါးမှုတွေကြောင့် ရွေးချယ်မှုနည်းပါးနေပြီး စီးပွားရေးလုပ်ငန်းရှင် ခရီးသည်တွေပဲ ရန်ကုန်နဲ့နေပြည်တော်ကို သွားလာကြတာ များတယ်လို့ သတင်းပေးသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013