DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပညာရေး ပြောင်းလဲရန် အကြုံပြုချက် ဖိတ်ခေါ်
DVB
·
January 1, 2014
မြန်မာ့ပညာရေး ပြောင်းလဲရန် အကြုံပြုချက် ဖိတ်ခေါ်
Donate to DVB

မြန်မာ့ပညာရေး အဆင့်အတန်းမြင့်မားရေးအတွက် ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ပညာရေးနှင့် အခြားဆက်စပ် နယ်ပယ်အသီးသီးမှ ပညာရှင်များ ပါဝင်တဲ့အဖွဲ့ကို အကြံပြုချက်များ ပေးပို့နိုင်တယ်လို့ ပညာရပ်နယ်ပယ် အသီးသီးမှ အဖွဲ့ခေါင်းဆောင် ၃၆ ယောက်တို့ရဲ့ လုပ်ငန်းအဖွဲ့တွေက နိုင်ငံပိုင်သတင်းစာတွေကနေ ဖိတ်ခေါ်ထားပါတယ်။

EDUCATION-1အစိုးရဌာန အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ stakeholder များ ပါဝင်တဲ့ ကော်မတီနဲ့ အကြံပေးအဖွဲ့တွေ ဖွဲ့စည်းပြီး မူဝါဒ၊ လုပ်ငန်းစဉ်များ၊ အမျိုးသားပညာရေးဥပဒေနဲ့ ဆက်စပ်ဥပဒေတွေ (မူကြမ်းတွေ)ကို ပြုစုနေတာဖြစ်ပါတယ်။

ဘက်စုံလွှမ်းခြုံ ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်းမှာ ပညာရေးဝန်ကြီးဌာန၊ ပညာရေးနဲ့ဆက်စပ်တဲ့ ၀န်ကြီးဌာနများမှ ပညာရှင်များ၊ အတွေ့အကြုံရင့် ပညာရှင်များနှင့်၊ နိုင်ငံတကာ အကြံပေးပညာရှင်များ၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် ပညာရေး နယ်ပယ်မှာ လုပ်ကိုင်ဆောင်ရွက်နေသူတွေ ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲသင့်တဲ့ ထောက်ခံအကြံပြုချက်တွေအပေါ် အခြေခံပြီး ပြုစုဆောင်ရွက်နေတယ်လို့လဲ ဖော်ပြထားပါတယ်။

ဒါကြောင့် တက္ကသိုလ်အဆင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆွေးနွေးပွဲနဲ့ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွေကို ကျင်းပပြုလုပ်ပြီး လူမှုအဖွဲ့အစည်းများရဲ့ အကြံပြုချက်များ ရရှိနိုင်အောင် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အဲဒီအလုပ်ရုံ ဆွေးနွေးပွဲတွေကို တက်ရောက်ဆွေးနွေး အကြံပြုနိုင်သလို၊ မတက်ရောက်ဖြစ်ရင်လဲ သတင်းစာထဲမှာ ဖော်ပြထားတဲ့ လုပ်ငန်းအဖွဲ့တွေဆီကို စာတိုက်မှဖြစ်စေ၊ အီးမေးလ်မှ ဖြစ်စေ အကြံပြုချက်တွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013