DVB Logo
Home
မြန်မာသတင်း
“ဒီမိုကရေစီလှိုင်းကြမ်းမှ မြန်မာအမျိုးသမီးများ”ခေါင်းစဉ်ဖြင့် NUG က စာမူဖိတ်ခေါ်
DVB
·
October 19, 2021
“ဒီမိုကရေစီလှိုင်းကြမ်းမှ မြန်မာအမျိုးသမီးများ”ခေါင်းစဉ်ဖြင့် NUG က စာမူဖိတ်ခေါ်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ အမျိုးသားတွေနည်းတူ တထောင့်တနေရာက ပါဝင်နေကြတဲ့ အမျိုးသမီးထုအတွက် “ဒီမိုကရေစီလှိုင်းကြမ်းမှ မြန်မာအမျိုးသမီးများ”ခေါင်းစဉ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စာမူဖိတ်ခေါ်နေပါတယ်။

ဒါကတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနဲ့ Victorian Myanmar Youth (VMY) အဖွဲ့တို့ ပူးပေါင်းပြုလုပ်တဲ့ နွေဦးပန်း ပွင့်​လေးများအတွက် “၅ဒေါ်လာကမ်ပိန်း” ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“နွေဦးပန်းပွင့်လေးများအတွက် $5 ရန်ပုံငွေရှာဖွေရေးလှုပ်ရှားမှု”ဟာဆိုရင်တော့ မြန်မာ အမျိုးသမီးတွေရဲ့ တကိုယ်ရေသန့်ရှင်းရေးနဲ့ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးတို့အတွက် အရေးပေါ်အခြေအနေတွေမှာ ဂုဏ်သိက္ခာရှိစွာ ဖြတ်သန်းနိုင်ဖို့ ရည်ရွယ်ပြီး ရန်ပုံငွေ ရှာဖွေမယ့် လှုပ်ရှားမှုဖြစ်ကာ ပထမအဆင့်အနေနဲ့ သြစတြေးလျနိုင်ငံမှာ စတင်လုပ်ဆောင်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ တကမ္ဘာလုံးမှ ပါဝင်လာနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ခုလတ်တလော ဖိတ်ခေါ်ထားတဲ့ စာမူမှာတော့ ဒီမိုကရေစီတိုက်ပွဲမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ၊ တော်လှန်ရေးအတွင်း လူ့အသိုင်းအဝိုင်းမှ သတ်မှတ်ထားတဲ့ ကျား၊ မ စံချိန်စံနှုန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေ၊ အရေးပေါ်အခြေအနေကာလ အမျိုးသမီးတွေရဲ့ အခက်အခဲ၊ လုံခြုံရေးနဲ့ အမျိုးသမီးတွေရဲ့ လူနေမှုဘဝ၊  အမျိုး သမီးများ စိတ်ကူးမျှော်မှန်းထားတဲ့ အနာဂတ်၊ မိမိခံယူထားတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အ ရေးစတဲ့အကြောင်းအရာတွေကို အခြေပြုပြီး စာလုံးရေ ၂၀၀ မှ ၅၀၀အတွင်း စကားပြေ အဖြစ်ရေးသားကာ Victorian Myanmar Youth email: [email protected]  ဒါမှမဟုတ် 5$ for Spring Flowers Facebook page chat box ကို အောက်တိုဘာ ၃၁ရက်ထက် နောက်မကျဘဲ ပေးပို့ရမှာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ စာမူတွေကိုတော့ ကန်ပိမ်းပြုလုပ်နေတဲ့ တောက်လျှောက်အသုံးပြုသွားမှာဖြစ်ကာ အသုံးပြုဖြစ်တဲ့ စာမူ​တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ကျပ် ၁ သိန်းစီ မေတ္တာလက်ဆောင် ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013