DVB Logo
Home
မြန်မာသတင်း
ကြံ့ဖွံ့ပါတီ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်း
DVB
·
January 1, 2014
ကြံ့ဖွံ့ပါတီ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်း
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြင်ဆင်၊ ဖြည့်စွက်နဲ့ ပယ်ဖျက်သင့်တဲ့ အချက်ပေါင်း ၄၇ ချက်ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မီတီကို တင်ပြသွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သတင်းထုတ်ပြန်လိုက်ပါတယ်။

usdpထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပြင်ဆင်သင့်တဲ့ ပြဌာန်းချက်များအဖြစ် အစားထိုးဖို့က ၁၃ ချက်၊ ပယ်ဖျက်မယ့်အချက် ၅ ချက်၊ ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းမှာ ဖြည့်စွက်သင့်တဲ့ ကိစ္စက ၁၁ ချက်၊ အခြေအနေ အချိန်အခါအရ ပြင်ဆင်သင့်တဲ့ ပြဌာန်းချက်က ၆ ချက် စုစုပေါင်း ၄၇ ချက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၃၀ ရက်က ပြီးစီးသွားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်အကြီးအကဲနဲ့ ပတ်သက်တဲ့ အချက်တွေ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ အချက်တွေ၊ တိုင်းရင်းသား၊ နိုင်ငံသား၊ တိုင်းဒေသကြီး ၊ ပြည်နယ်တွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့အချက်တွေ၊ တပ်မတော်ရဲ့အခန်းကဏ္ဍ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြရာမှာ ခုလို ပြင်ဆင်၊ဖြည့်စွက်၊ ပယ်ဖျက်သင့်တဲ့အချက်တွေကို သဘောတူဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013