DVB Logo
Home
မြန်မာသတင်း
ဝေါမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်၊ ၁၀ ဦး​ကျော် အဓမ္မ ဖမ်းဆီးခံရ
DVB
·
October 19, 2021
ဝေါမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်၊ ၁၀ ဦး​ကျော် အဓမ္မ ဖမ်းဆီးခံရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့မှာ အောက်တိုဘာလ ၁၈ ရက်နေ့ ည ၈ နာရီကျော်က ချမ်း​မြသာစည်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖေါက်ခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ချမ်းမြသာစည်ရပ်ကွက်ထဲကို စစ်ကောင်စီရဲ့ လက်အောက်ခံ တပ်နဲ့ရဲ ရောက်ရှိလာပြီး သေနတ်တွေနဲ့ ရမ်းသမ်းပစ်ဖောက်ကာ အပြစ်မရှိတဲ့ ရပ်ကွက်နေပြည်သူ ၁၀ ဦးကျော်ကို အဓမ္မဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “ဗုံး​ပေါက်ကွဲသံက ​တော်​တော်​ကျယ်တယ်။ ​​မြေပါ တုန်တယ်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာရရှိသူတွေကိုတော့ မသိရှိရသေးဘူး။ ရပ်ကွက်ထဲက ၁၀ ယောက်ကျော်ကို အဓမ္မဖမ်းဆီးသွားတယ်၊ ခုထိပြန်မလွတ်သေးဘူး” လို့ ပြောပါတယ်။

ဗုံးခွဲခံရတဲ့ ချမ်း​​မြသာစည်ရပ်ကွက် အုပ်ချုပ်​ရေးမှူးဟာ စစ်​ကောင်စီအလိုကျ ရပ်ကွက်နေ ပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျခိုင်း​စေတာ၊ အဓမ္မငွေတောင်းယူတာ၊ ​နှစ်လုံး၊ သုံးလုံး၊ ​ကြက်ဝိုင်း၊ အန်ဂလုံဝိုင်း​တွေကို ခွင့်​ပြု​ပေးထား​ပြီး စစ်​ကောင်စီကို ​ငွေထောက်ပံ့ပေးနေတာ​​ကြောင့် ရပ်ကွက်ရုံးဗုံးခွဲခံရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ချမ်းမြသာစည်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ လူမိုက်မွေး​ပြီးရပ်ကွက်ထဲ မူးယစ် ရမ်းကားတာ၊ မဟုတ်မမှန်ဒလန်သတင်းပေး​ ဖမ်းဆီးခိုင်းတာ​တွေအပြင် ပျူစောထီး အင်အား စည်းရုံးစုဆောင်းပြီး ပြည်သူ့စစ်သင်တန်ပေးနိုင်ဖို့ ဦး​ဆောင်​နေသူ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ရပ်ကွက်ရုံးဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာ မရှိသေးသလို အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း ဝေါမြို့ရဲ့ ဌာနဆိုင်ရာရုံးသုံးရုံးမှာ မပေါက်ကွဲသေးတဲ့ ဗုံးသုံးလုံး တွေ့ရှိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013