DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဗဟိုဘဏ်က တရက်တည်း ဒေါ်လာ သန်း၅၀ စံချိန်တင်ရောင်းချ
DVB
·
October 18, 2021
စစ်ကောင်စီဗဟိုဘဏ်က တရက်တည်း  ဒေါ်လာ သန်း၅၀ စံချိန်တင်ရောင်းချ
1 / 2
Donate to DVB

အာဏာသိမ်းစစ်ကောင်စီရဲ့ ဗဟိုဘဏ်ကနေ အောက်တိုဘာ ၁၈ ရက်မှာ တဒေါ်လာကို  ပျဉ်းမျှငွေလဲနှုန်း ၁၈၂၀ ကျပ်နဲ့   ဒေါ်လာ သန်း၅၀ အထိ စံချိန်တင်ရောင်းချခဲ့ပါတယ်။

ဒါဟာ ဗဟိုဘဏ်အနေနဲ့ အောက်တိုဘာလအတွက် ပထမဆုံးအကြိမ် ထုတ်ရောင်းတာဖြစ်ပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ဒေါ်လာငွေထုတ်ရောင်းချမှုတွေထဲမှာ အမြင့်ဆုံးဈေးဖြစ်တဲ့အပြင် အများဆုံး ပမာဏလည်းဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက အမေရိကန်ဒေါ်လာ စုစုပေါင်း ၂၃၄ ဒသမ ၈သန်း (ကျပ်ငွေ ၃၉၈ ဒသမ ၆ ဘီလီယံ) ထိ ထုတ်ရောင်းခဲ့ပြီး ဖြစ်ပေမယ့် ဒေါ်လာဈေးကတော့  ကျပ် ၂၀၀၀ အထက်မှာပဲ ဆက်ရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ အများဆုံး ၆၃ သန်းအထိ ဒေါ်လာထုတ်ရောင်ခဲ့ပေမယ့် အများဆုံးတကြိမ်ကို  ၁၅ သန်းအထိသာ ရှိခဲ့တာမို့ အခုတခါ ရောင်းချမှုဟာ အရင်အကြိမ်တွေကထက် ၃ ဆကျော်အထိ စံချိန်တင်မြင့်မားများပြားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013