DVB Logo
Home
မြန်မာသတင်း
စက္ကူရွှေ Gold Paper စနစ်က အောင်မြင်ရန် မလွယ်ဟု လေ့လာသူများသုံးသပ်
DVB
·
October 18, 2021
စက္ကူရွှေ Gold Paper စနစ်က အောင်မြင်ရန် မလွယ်ဟု လေ့လာသူများသုံးသပ်
Donate to DVB

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး အရောင်းအဝယ်လုပ်မယ့် စက္ကူရွှေ (Gold Paper) စနစ်က အောင်မြင်ဖို့ မလွယ်ကူတဲ့အကြောင်း ရွှေစျေးကွက်အားလေ့လာ စောင့်ကြည့်သူတွေက သုံးသပ်ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်က  စက္ကူရွှေ (Gold Paper) ကို ဘဏ်မှတဆင့် ရောင်းချနိုင်ဖို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YEGA)နဲ့ Shwe Bank တို့ ဆွေးနွေးခဲ့ကြတယ်လို့ YEGA မှ သတင်းထုတ် ပြန်ထားပါတယ်။

Gold Paper စနစ်နဲ့ပတ်သက်ပြီး လေ့လာသူ ဦးမျိုးမြင့်က“ကိုယ့်ဘာသာကိုယ်ရွှေဝယ်တယ်ပေါ့။ ကိုယ်က ရွှေ ၅ ပိဿာရှိတယ်ဆိုရင် ဘဏ်မှာသွားအပ်ထားမယ်။ ဘဏ်ကနေပြီးတော့ ထိန်းသိမ်းပေးမယ်။ ဘဏ်က အာမခံကတ် ထုတ်ပေးမယ်ပေါ့။ အဲဒါနဲ့ အသင်းရုံးမှာပြန်ရောင်းပေါ့။ အဓိကကတော့ ရွှေစျေးကွက်ကို ကမ္ဘာ့ရွှေစျေးကွက်အတိုင်း ဖြစ်စေချင်တာပါ။ တကမ္ဘာလုံးမှာ လည်း ဘဏ်တွေက ရွှေရောင်းပေးတယ်။ဒီမှာက ဒေါ်လာပဲရောင်းပေးတယ်။ ရွှေကိုရောင်းမပေးနိုင်ဘူးလေ။ ရွှေကို ဝယ်တဲ့ သူတယောက်က အသင်းသားဆိုရင်တော့ အသင်းမှာ လာဝယ်တာက မြန်တာပေါ့” လို့ ပြောပါတယ်။

ဒါပေမဲ့  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကဦးဆောင်ပြီးလုပ်တဲ့ စက္ကူရွှေ (Gold Paper) စနစ်က နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ Paper trading (ခေါ်) Gold exchange စနစ်နဲ့ တူညီမှုမရှိတာတွေရှိပါတယ်။

ရွှေစျေးကွက်သုတေသီတဦးက “Paper trading ဆိုတာက deposit တင်ထားရတယ်။ ဥပမာ deposit ရွှေ ၁ဝ သား တင်ထားတဲ့သူတယ်ဆိုရင် ၁ ပိဿာ အတွင်းမှာ ဝယ်လိုက်ရောင်းလိုက်နဲ့ အရောင်းအဝယ်လုပ်လို့ရတယ်။ ဝယ်ထားတဲ့ စျေးက တကယ်လို့ ပြုတ်ကျသွားလို့ရှိရင် ခင်ဗျားစျေးကပြုတ်ကျနေပြီဖြစ်လို့ ခင်ဗျား စပေါ် ထပ်တင်မှာ လားပေါ့။ မတင်ဘူးဆိုရင် သူ့ရဲ့အကွာအဝေးရောက်တာနဲ့ အလိုအလျှောက် ပျက်သွားပြီ။ နောက်ပိုင်း စျေးပြန်တက်သွား လို့ရှိ ရင်လည်း ဘယ်လောက်တက်တက် သူနဲ့မဆိုင်တော့ဘူး။ ဒါကတော့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ပုံစံပေါ့နော်။ သူတင်ထားတဲ့ deposit ကျော်သွားပြီဆိုရင် လှမ်းအကြောင်းကြားတယ်။ အဲ့ဒါကိုမှ ထပ်တင်ရင်တင်၊ မတင်ရင်တော့ သူက ဖြုတ်ချသွားလိမ့်မယ်။ တကယ်လို့ ကိုယ်က deposit ရွှေ ၁ဝသားတင်ထားတာဖြစ်လို့ ရွှေထုတ်ချင်တယ်ဆိုရင်လည်း အသင်းက ထုတ်ပေးတယ်။ ဒါက Gold exchange သဘောပဲလေ။ ရှန်ဟိုင်း၊ဟောင်ကောင်တို့မှာ အောင်မြင်တယ်။ အရှုံး အမြတ်က deposit တင်ထားတဲ့ သူ့ငွေစာရင်းကနေ ထွက်ထွက်သွားတာ။ ဟောင်ကောင်ကတော့ သူတို့ကုန်သည်ကြီး များဘဏ်မှာ background ထားလုပ်ကြတယ်။ ရှန်ဟိုင်းကတော့ bank of china တရုတ်ဗဟိုဘဏ်မှာ background ထားပြီးလုပ်ကြတယ်။ ဒီ့အတွက်လည်း နိုင်ငံတော်က အခွန်အခရတယ်။ ဒီမှာတော့ အခွန်အကောက်ကို တိမ်းရှောင်ချင်တဲ့ လူတွေများတော့ ဒါမျိုးလုပ်ဖို့က မလွယ်ဘူးထင်တယ်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YEGA) နဲ့ပူးပေါင်းပြီးရောင်းချမယ့်ရွှေကို မူလရှိပြီးသားဘဏ်အကောင့်ငွေစာရင်းနဲ့ ပေးချေလို့မရဘူးလို့ သတ်မှတ်ထားပါတယ်။

အခုလိုသတ်မှတ်ထားတဲ့အပေါ် ရွှေဝယ်ရောင်းသမားတဦးက “ဘဏ်ရဲ့ရာဇဝင်နောက်ကြောင်းနဲ့ ဘဏ်ရဲ့ခိုင်မာမှုက ဘယ်လို ရှိလဲဆိုတာလဲ ထည့်တွက်ဖို့လိုတယ်ဗျာ။ ဘာလို့လဲဆို အကြောင်းကြောင်းကြောင့် မိုးတော့ မပြိုပေမယ့် ပြိုခဲ့တယ်ရှိသော် ဘယ်လိုလုပ်မလဲ။ ဟုတ်လား။ အခုလိုအချိန်မှာ ကိုယ့်ဟာကိုယ်ရှိတဲ့ ဘဏ်ငွေစာရင်းကိုတောင် ထုတ်ချင်ရင် ထုတ်မရတဲ့အခြေအနေမှာ နောက်ထက် ထပ်ထည့်ပြီးကစားဖို့ဆိုတာက ဖြစ်နိုင်မလားဗျာ” လို့ဆိုပါတယ်။

International Trade Union Confederation (ITUC) နဲ့  UNI Global Union တို့က ၂၀၂၁ ခုနှစ်၊မတ်လကထုတ်ပြန်တဲ့ ကြေညာချက်အရ အာဏာသိမ်းစစ်ကောင်စီရဲ့  အကျိုးစီးပွားအတွက် ဘဏ္ဍာရေးဆိုင်ရာနောက်ကွယ်ကနေ လုပ်ကိုင်ပေးနေတဲ့ လူပုဂ္ဂိုလ် ၂၃ ဦး စာရင်းနဲ့အတူ သတို့ရဲ့ လုပ်ငန်းတွေကို  ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူဖို့ တောင်းဆိုထားတာ ရှိပါတယ်။ အဆိုပါစာရင်းမှာ ရွှေဘဏ်ဥက္ကဋ္ဌ ဦးကျော်ဝင်း ကလည်း တဦးအပါအဝင်ဖြစ်ပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အောက်တိုဘာ ၁၈ ရက် ဒီမနက်ပိုင်း ၁၁ နာရီခွဲမှာ  စျေးကွက်အဖွင့်စျေးနှုန်းက အကယ်ဒမီရွှေ ၁ ကျပ်သားတန်ဖိုးက ကျပ် ၁၈ သိန်း ၅သောင်း ၅ထောင် ရှိပြီး ကမ္ဘာ့ရွှေစျေးက တအောင်စ အမေရိကန်ဒေါ်လာ ၁၇၆၈ ဒေါ်လာရှိခဲ့ကာ  နေ့လည်ပိုင်း ၂ နာရီ ၄၅ မိနစ်မှာ အရောင်းအဝယ်ဖြစ်တဲ့စျေးနှုန်းက အကယ်ဒမီရွှေ ၁ကျပ်သားတန်ဖိုးက ကျပ် ၁၈ သိန်း ၄ သောင်း ရှိပြီး ကမ္ဘာ့ရွှေစျေးက တအောင်စ အမေရိကန်ဒေါ်လာ ၁၇၆၆ ဒေါ်လာရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013