DVB Logo
Home
မြန်မာသတင်း
ဘုရားဖူးများကြား စကစတပ်ဖွဲ့ ရောနှောပါနေသဖြင့် စစ်မျက်နှာဖွင့်တိုက်ရန် PDF တပ်များ အခက်ကြုံ
DVB
·
October 18, 2021
ဘုရားဖူးများကြား စကစတပ်ဖွဲ့ ရောနှောပါနေသဖြင့် စစ်မျက်နှာဖွင့်တိုက်ရန် PDF တပ်များ အခက်ကြုံ
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း ဘုရားဖူးတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ရောနှောလိုက်ပါပြီး သွားလာနေတာကြောင့် တော်လှန်ရေးဆင်နွှဲနေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်တွေကို စစ်မျက်နှာဖွင့် တိုက်မဲ့နေရာမှာ ဘုရားဖူးခရီးသွားတွေ ထိခိုက်နစ်နာမှာ စိုးရိမ်တာကြောင့် အခက်အခဲတွေရှိနေတယ်လို့ PDF တပ်ဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်ထဲက ဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို လာရောက်ဖူးမျှော်တဲ့ ဘုရားဖူးခရီးတွေဟာ အခု အောက်တိုဘာလဆန်းပိုင်းကစလို့ နေ့စဉ်များပြားနေတာ ဖြစ်ပါတယ်။

ဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘုရားဖူးခရီးစဉ်လမ်းကြောင်းဟာ ရွှေဘို-မြစ်ကြီးနား လမ်းအတိုင်း ခင်ဦးမြို့နယ်ကိုဖြတ်ပြီး ကန့်ဘလူမြို့နယ်ထဲအထိ သွားရောက်ဖူးမြော်ရတာဖြစ်ပြီး ဒီနယ်တွေထဲမှာ စစ်ကောင်စီ (စကစ) တပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား မကြာခဏတိုက်ပွဲတွေ ဖြစ်ပေါ်နေတာပါ။

လက်ရှိမှာ NUG အစိုးရရဲ့ ပြည်သူ့တော်လှန်ရေးတပ်မတော်က စစ်ကောင်စီတပ်တွေကို စစ်မျက်နှာဖွင့်ပြီးတိုက်ဖို့ ထုတ်ပြန်ကြေညာထားသလို နယ်ပယ်အသီးသီးက ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ထိုးစစ်ဆင်တိုက်ပွဲဝင်ဖို့ အဆင့်သင့် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ အခုလိုဘုရားဖူးခရီးသွားတွေကြောင့် စစ်ကောင်စီတပ်တွေကို ကြားဖြတ် တိုက်ခိုက်တဲ့နေရာမှာ ပြည်သူတွေကို ငဲ့နေရတဲ့အတွက် အခက်အခဲတွေရှိလာတယ်လို့ ကနီမြို့နယ်ဒေသခံ PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေကို စစ်မျက်နှာဖွင့်ပြီး တိုက်ဖို့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ပဲခရီးမသွားကြဖို့ကို NUG အစိုးရကရော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက  ထုတ်ပြန်ကြေညာထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်ရေးကာလ တိုက်ပွဲတွေ အရှိန်အဟုန်မြင့်နေချိန်မှာ ကြေညာထားတဲ့အတိုင်း မလိုအပ်ဘဲ ခရီးမသွားဖို့နဲ့ ဆက်လက်ပြီး ခရီးသွားလာနေပါက စစ်ရေးအရ ပြည်သူကို မငဲ့နိုင်တော့ဘဲ တိုက်ပွဲတွေဆင်နွှဲရတော့မယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကိုမင်းလူကပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013