
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁) ဈေး၊ ၁၃၄ လမ်း၊ ၆၂ လမ်း နဲ့ ၆၃ လမ်းကြားက ရွှေဆိုင်တစ်ခု အောက်တိုဘာ ၁၇ ရက် နေ့လယ် ၁ နာရီကျော်လောက်က ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။
ဓားပြတိုက်ခံရတာဟာ မောသစ်ရွှေဆိုင် ဖြစ်ပြီး ဆိုင်ကယ် ၂ စီးနဲ့လာတဲ့ လူ ၄ ယောက်က သေနတ်နဲ့ ချိန်ကာ ရွှေထည်ပစ္စည်းတွေကို လုယူသွားတာလို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောပါတယ်။
ဒါ့အပြင် လာရောက်လုယက်သူတွေဟာ သေနတ် ၃ ချက်လောက်လည်း ပစ်ဖောက်သွားခဲ့ပါတယ်။
ကနဦးအနေနဲ့ ဆိုင်ရှင်ဒဏ်ရာရတယ်လို့ သိရပြီး ရွှေထည်ပစ္စည်း ဘယ်လောက်ပါသွားတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
အခုအခါ ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်ဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်တွေနဲ့ ရောက်နေပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။