DVB Logo
Home
မြန်မာသတင်း
ခင်ဦး၊ ဝက်လက်နှင့် ရေဦးမြို့တို့က စစ်တပ်သတင်းပေးနှင့်ပျူစောထီးအဖွဲ့ဝင်များ သုတ်သင်ခံရ
DVB
·
October 17, 2021
ခင်ဦး၊ ဝက်လက်နှင့် ရေဦးမြို့တို့က စစ်တပ်သတင်းပေးနှင့်ပျူစောထီးအဖွဲ့ဝင်များ သုတ်သင်ခံရ
Donate to DVB

စစ်ကိုင်းတိုင်းက ခင်ဦး၊ ဝက်လက်နဲ့ ရေဦးမြို့နယ်တွေမှာ အောက်တိုဘာ ၁၆ ရက်နေ့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ စစ်ပြန်တစ်ဦးတို့ကို နယ်မြေခံ မြေအောက် တော်လှန်ရေးအဖွဲ့တွေက သုတ်သင်ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။

ခင်ဦးမြို့နယ်၊ ထနောင်းကိုင်းကြီးကျေးရွာအုပ်စု၊ မင်းဝံစိုက်ကွင်းက ဝင်းထွန်းနဲ့ ဘိုဘို ပျူစောထီး ညီနောင်နှစ်ယောက်ကို အောက်တိုဘာ ၁၆ ရက်က တောကြီးမြွေဟောက်အဖွဲ့-ခင်ဦးက ရှင်းလင်းသုတ်သင်လိုက်တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်၊ ကျီးပန်းကန်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး  ဝင်းဇော်ဦး လင်မယား နှစ်ယောက်ကိုလည်း အောက်တိုဘာ ၁၆ ရက်က ဗိုလ်နဂါးနဲ့ ဗိုလ်မိုးကြိုးတို့ ပူးပေါင်းပြီး သုတ်သင်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

ရေဦးမြို့နယ်၊ တမာတောရွာက စစ်ပြန်တစ်ဦးဖြစ်သူ ဦးအောင်နိုင်ကိုလည်း အောက်တိုဘာ ၁၆ ရက် နေ့လယ်  ၂  နာရီလောက်က ဆိုင်ကယ်နဲ့လူတွေက လာရောက်ခေါ်ဆောင် ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေး ဒလန်တွေ၊ ပျူစောထီးတွေကြောင့် CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားပြည်သူတွေ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်လို့ အခုလို ရှင်းလင်းသုတ်သင်ကြတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013