DVB Logo
Home
မြန်မာသတင်း
စလင်းမြို့မရဲစခန်းကို PRA တပ်ဖွဲ့က လောင်ချာဖြင့်ပစ်ခတ်၊ ရဲအများအပြားဒဏ်ရာရ
DVB
·
October 15, 2021
စလင်းမြို့မရဲစခန်းကို PRA တပ်ဖွဲ့က လောင်ချာဖြင့်ပစ်ခတ်၊ ရဲအများအပြားဒဏ်ရာရ
Donate to DVB

မကွေးတိုင်း စလင်းမြို့မရဲစခန်း အပါဝင် ဌာန ၃ ခုကို အောက်တိုဘာလ ၁၄ ရက်နေ့ညက မကွေး(PRA)တပ်ဖွဲ့က M79 လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ရဲအရာရှိတစ်ယောက်အပါဝင် ရဲအများအပြား အပြင်းထန် ဒဏ်ရာရရှိသွားတယ်လို့ PRA တပ်ဖွဲ့ဆီက သိရပါတယ်။

စလင်းမြို့မရဲစခန်း၊ မြို့နယ် လျှပ်စစ်ရုံးနဲ့ မြိုနယ်စည်ပင်ရုံးတွေကို PRA တပ်ဖွဲ့က M79 လောင်ရှာနဲ့ တစ်ပြိုင်နက်တည်းတိုက်ခိုက်ရာ ရဲအရာရှိ တစ်ဦးအပြင်းထန်ဒဏ်ရာရရှိပြီး အများအပြား ဒဏ်ရာအပြင်းထန်ရရှိသွားပေမယ့် အရေအတွက် အတိကျမသိရသေးဘူးလို့ PRA တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ယက္ခက DVB ကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက်က ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့တော်လှန်ရေး အင်အားစု PRA တပ်ဖွဲ့ဘက်က အထိခိုက်အကျဆုံးမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

PRA တပ်ဖွဲ့က ပစ်မှတ် ၃ ခုကို တိုက်ခိုက်ပြီး ၅ မိနစ်လောက်အကြာမှာ စလင်းမြို့ မြင်တင်ရပ်ကွက်၊ မြောင်းဘောင်မှာလည်း ဗုံးပေါက်ကွဲပြီး အမျိုးသမီးတစ်ယောက် သေဆုံးကာ ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဒဏ်ရာရရှိသွားကြောင်း၊ အဲဒီပေါက်ကွဲမှုဟာ PRA တပ်ဖွဲ့နဲ့ သက်ဆိုင်မှု မရှိဘူးလို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာနားက မဲဒီးကုန်းရပ်ကွက်မှာ စစ်ကောင်စီရဲ့ ဒေါက်တိုင် ပျူစောထီးတွေကို သင်တန်းပေးတဲ့နေရာဖြစ်ပြီး PRA တပ်ဖွဲ့ကို ပြည်သူလူထု အထင်မြင်လွဲမှားအောင် လုပ်ဆောင်တာလို့ ဆိုပါတယ်။

သေဆုံးခဲ့ရတဲ့ ပြည်သူတစ်ယောက်နဲ့ ဒဏ်ရာရရှိသူ ၂ ယောက်အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း၊ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်တာဟာ စစ်ပွဲဆိုင်ရာ ကျင့်ဝတ်နဲ့ ညီညွတ်မှုမရှိတာကြောင့် ဘယ်အဖွဲ့စည်းကိုမဆို အပြင်းထန် ရှုံ့ချတယ်လို့ ဗိုလ်ယက္ခက ပြောပါတယ်။

PRA (မကွေး) ဟာ NUG အစိုးရရဲ့ လမ်းညွှန်ချက်ကို ခံယူကာ စစ်ပွဲဆိုင်ရာ စည်းမျဥ်း၊ ကျင့်ဝတ်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ပြီးတော့ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်စေတဲ့ ကိစ္စရပ်တွေကို ဒီနေ့အချိန်ထိ မကျူးလွန်သလို နောက်လည်း ကျူးလွန်မှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။

စလင်းမြို့မရဲစခန်း ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်မပြေုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013