DVB Logo
Home
မြန်မာသတင်း
နိုင်ငံခေါင်းဆောင်မျာ၏ရှေ့နေကို သတင်းမီဒီယာများနှင့် ဆက်သွယ်ပြောဆိုမှု မလုပ်ရန် စစ်ကောင်စီ တားမြစ်
DVB
·
October 15, 2021
နိုင်ငံခေါင်းဆောင်မျာ၏ရှေ့နေကို သတင်းမီဒီယာများနှင့် ဆက်သွယ်ပြောဆိုမှု မလုပ်ရန် စစ်ကောင်စီ တားမြစ်
Donate to DVB

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့အမှုလိုက်ရှေ့နေကို သတင်းဌာနတွေ၊ နိုင်ငံခြားအစိုးရ၊ အဖွဲ့အစည်းတွေနဲ့ မဆက်သွယ် မပြောဆိုဖို့ စစ်ကောင်စီလက်အောက်ခံ နေပြည်တော် ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးက  အောက်တိုဘာ ၁၄ ရက်စွဲနဲ့ စာထုတ် တားမြစ်လိုက်ပါတယ်။

ပြည်တွင်းပြည်ပ သတင်းဌာနတွေ၊ ပိတ်သိမ်းခံထားရတဲ့ သတင်းဌာနတွေဟာ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်စေတဲ့ လှုံ့ဆော်တာတွေ လုပ်နေပြီး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ဟာ အဲဒီဌာနတွေနဲ့ ဆက်သွယ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ သက်သေတွေရဲ့ တရားရုံးရှေ့ထွက်ဆိုချက်တွေ၊ စွပ်စွဲခံရသူတွေရဲ့ ထွက်ဆိုချက်တွေကိုလည်း ထုတ်ပြန်ပြောဆိုနေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ရှေ့နေဦးခင်မောင်ဇော်ရဲ့ ဆက်သွယ်ပြောဆိုတာတွေဟာ တရားဥပဒေနဲ့အညီဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ် တယောက်ယောက်ကို ထိခိုက်နာကျင်ဆုံးရှုံးတာ၊ အများပြည်သူရဲ့ ငြိမ်ဝပ်တာ၊ ရုန်းရင်းဆန်ခတ်တို့ကို ဖြစ်နေနိုင်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံနိုင်ငံခေါင်းဆောင်တွေရဲ့ ရှေ့နေ ဦးခင်မောင်ဇော်ဟာ ပြည်တွင်း မီဒီယာတွေနဲ့တော့ အဆက်အသွယ်မလုပ်တော့ဘူးလို့ သတင်းထောက်တွေက ဆိုပါတယ်။

ရှေ့နေ ဦးခင်မောင်ဇော်နဲ့ ပတ်သက်ပြီး နေပြည်တော်အခြေစိုက် သတင်းထောက်လုပ်ခဲ့သူတယောက်က “သူက သတင်းထောက်တွေကို ဖြေရင် တရားရုံးကို မထီမဲ့မြင်မဖြစ်အောင် သတိထားဖြေတယ်။ တချို့မေးခွန်းတွေဆိုရင်လည်း စစ်ဆေးဆဲအမှုအပေါ် အနှောင့်အယှက်မဖြစ်အောင် ဖြေလို့မရသေးဘူး စသဖြင့် ပြောတတ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ ရှေ့နေ ဦးခင်မောင်ဇော်ကို ပြည်တွင်းပြည်ပ မီဒီယာတွေ၊ နိုင်ငံခြားသံတမန်တွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အဲဒီကလူတွေ၊ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းနဲ့ အဲဒီကလူတွေ၊ နိုင်ငံခြား အစိုးရတာဝန်ရှိသူတွေနဲ့ တခြား ပြင်ပအစိုးရ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ဖြစ်ဖြစ် တွေ့ဆုံ ဆက်သွယ် ပြောဆိုတာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့ တရားရုံးချိန်းမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းတဲ့နေ့ ဖြစ်စဉ်ကို တရားရုံးတော်မှာ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

စစ်တပ်က အဆင့်မြင့်အရာရှိကြီးတွေက သမ္မတအိမ်တော်ထဲကိုလာပြီး သူ့ကို ကျန်းမာရေး အကြောင်းပြနုတ်ထွက်ခိုင်းခဲ့တဲ့အကြောင်း၊ သူ့အနေနဲ့ ကျန်းမာရေး ကောင်းမွန်တဲ့ အတွက် နုတ်ထွက်မပေးနိုင်တဲ့အကြောင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ထိခိုက်မယ်ဆိုလည်း မတတ်နိုင်ဘူး၊ အသေပဲခံလိုက်မယ်လို့ ပြန်လည်တုံ့ပြန်ခဲ့တယ်လို့  သမ္မတ ဦးဝင်းမြင့်က ထွက်ဆိုထားတာပါ။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  “ တရားရုံးမှာ ထွက်ဆိုတဲ့ တရားရုံးထွက်ဆိုချက် ဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့ တာဝန်မှာလည်း လွတ်လပ်စွာ ထွက်ဆိုနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူ့ရဲ့ ပြောဆိုချက် အကြောင်း အရာတွေနဲ့ ပတ်သက်ပြီး ဘာမှမဝေဖန်လိုပါဘူး။”လို့ ဒီနေ့ ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013