DVB Logo
Home
မြန်မာသတင်း
မအူပင်နှင့်အင်္ဂပူမြို့နယ်တို့တွင် တပတ်အတွင်း အဘွားအိုတစ်ဦးအပါအဝင် ပြည်သူ ၆၀ ကျော် ဖမ်းခံရ
DVB
·
October 15, 2021
မအူပင်နှင့်အင်္ဂပူမြို့နယ်တို့တွင် တပတ်အတွင်း အဘွားအိုတစ်ဦးအပါအဝင် ပြည်သူ ၆၀ ကျော် ဖမ်းခံရ
Donate to DVB

ဧရာဝတီတိုင်း မအူပင်နဲ့ အင်္ဂပူမြို့နယ်တို့မှာ အောက်တိုဘာ ဒုတိယပတ်အတွင်း အဘွားအိုတစ်ဦးအပါအဝင် ပြည်သူ ၆၀ ကျော် ဖမ်းခံရတယ်လို့ သိရပါတယ်။

မအူပင်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက အသက် ၇၀ ကျော်အဖွားတဦးအပါဝင် ဒေသခံပြည်သူ ၃၀ ကျော်ကို တပတ်အတွင်း အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့ တနေ့တည်း မအူပင်မြို့ ကရုဏာနာရေးကူညီမှုအသင်းက ပရဟိတသမား ကိုနီတွတ်နဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကိုနီတွတ်က နိုင်ငံရေး ဘာမှကိုမလုပ်တာ၊ ပရဟိတသမားသပ်သပ်ပါ။ သူတို့အဖွဲ့က ကြေညာခဲ့တာရှိတယ်၊ စစ်သား ရဲနဲ့ သူတို့မိသားစုဝင်တွေကို လုံးဝမကူညီနိုင်ဘူးလို့ ပြောခဲ့တာရှိတော့ အဖမ်းခံရတာဖြစ်နိုင်တယ်” လို့ မြို့ခံတဦးကပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့ကလည်း အသက် ၇၀ ကျော် အဘွားတဦးအပြင် ကရုဏာလူမှုကူညီ ရေးအသင်းနဲ့ ပျိုးခင်းသစ်ဖောင်ဒေးရှင်းအဖွဲ့တွေမှာ ပရဟိတလုပ်ငန်းလုပ်ကိုင်ခဲ့သူတွေရဲ့ မိသားစုဝင်တွေကိုလည်း ထပ်မံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မအူပင်မြို့က ပရဟိတအသင်းတချို့က ရဲနဲ့ စစ်သားတွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးမှာမဟုတ်ဘူးဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာကြောင့် ခုလို အငြိုးထားပြီး ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

အင်္ဂပူမြို့နယ်မှာလည်း PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး အောက်တိုဘာ ၁၂ ရက်နေ့က  စတင်ကာ အာဏာသိမ်း စစ်ကောင်စီတပ်သားတွေက မြို့ပေါ်နဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူ အယောက် ၃၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီတပတ်ထဲ အဖမ်းခံရတာ ၃၀ ကျော်လောက်ရှိပြီ။ ဘာမှမဟုတ်ဘူး PDF ဆက်သွယ်လှူတယ်လို့ဆိုပြီး ဖမ်းတာ၊ ဆိုင်ဆိုင် မဆိုင်ဆိုင် အဖမ်းခံနေရတာ။ ပြီးတော့ သူတို့လိုချင်တဲ့ အဖြေမရမချင်း ရိုက်နှက်စစ်ဆေးနေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ သူတွေကို ရဲစခန်း ထမင်းသွားပို့ချိန်မှာ ရဲစခန်းအဝရောက်တာနဲ့ ရိုက်နှက်စစ်ဆေးခံရလို့ အော်တဲ့အသံကို ကြားနေရတယ်လို့ ဆိုပါတယ်။

အင်္ဂပူမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စွပ်စွဲဖမ်းဆီးခံထားရတဲ့ ဒေသခံပြည်သူ ၅၀ ကျော်ထိရှိလာပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013